မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ပရိသတ်တွေကို ပထမဆုံးမိတ်ဆက်ပေးခဲ့တဲ့ ပိုင်တံခွန် ရဲ့ ဗီဒီယိုလေး

ပရိသတ်ကြီးရေ မြန်မာနိုင်ငံမှာသာမက အာရှနိုင်ငံတွေမှာပါ ပရိသတ်တွေအများကြီးနဲ့ အောင်မြင်ကျော်ကြားနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်ကတော့ တိရစ္ဆာန်လေးတွေကို အရမ်းချစ်တတ်တဲ့ သူတစ်ယောက်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါနော် ။ တိရစ္ဆာန်လေးတွေကို အရမ်းချစ်တတ်တယ်ဆိုတာလည်း ကြောင်လေးခွေးလေးတွေတင်မကပါဘဲ တခြား တိရစ္ဆာန်လေးတွေကိုပါ အရမ်းချစ်တတ်ကြင်နာတတ်တဲ့ သူတစ်ယောက်ပါ ။

လတ်တလောမှာတော့ ပိုင်တံခွန်က ကျွန်တော့် ကလေးတွေနဲ့ ဒါပထမဆုံး ပရိတ်သတ်ကို မိတ်ဆက်ပေးဖူးတာပါမွေးထားတာတွေက နည်းနည်းတော့ ကြောင်တောင်တောင်နိုင်တယ် ဆိုတဲ့ စာသားလေးနဲ့အတူ အိမ်မှာရှိတဲ့ သူချစ်ရတဲ့ တိရစ္ဆာန်လေးတွေကို ဗီဒီယိုလေးနဲ့အတူ ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့တာပါ ။ ကြောင်လေးခွေးလေးတွေ အပြင် ချစ်စရာကောင်းတဲ့ ငါးလေးတွေရော ရေနဂါးလေးတွေ ၊ ရေဘဝဲ တွေပါ စုံနေအောင် မွေးထားတဲ့အကြောင်း ပရိသတ်တွေကို သေချာလေး ရှင်းပြထားတာပါ ။

 

ပရိသတ်ကြီးကတော့ ပိုင်တံခွန် ကို ကြောင်တွေ ခွေးတွေ အရမ်းချစ်တယ်လို့ သိထားပေမယ့် တိရစ္ဆာန်လေးတွေကို အရမ်းချစ်ပြီး အခုလို မျိုးစုံအောင် မွေးထားလိမ့်မယ်လို့ထင်မထားကြောင်း မှတ်ချက်လေးတွေရေးသားခဲ့ကြပါတယ် ။ ပိုင်တံခွန်ကိုချစ်တဲ့ ပရိသတ်ကြီးအတွက်လည်း သူချစ်တဲ့ ကလေးလေးတွေ အကြောင်းကို ရှင်းပြထားတဲ့ ဗီဒီယိုလေးကို တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Paing Ta Khon
Emily (Cele Gabar)

Check Also

မကြီးစန်းရယ်လို့ မအောင်မြင်ခင်က ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတဲ့ ဘဝအမှတ်တရတွေကို ပြန်လည်မျှဝေလာတဲ့ မိတ်ကပ်ခင်စန်းဝင်း

မကြီးစန်းလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့ မိတ်ကပ်ခင်စန်းဝင်းကတော့ မိတ်ကပ်ပညာမှာလူတကာကလေးစားရတဲ့ ဆရာတစ်ဆူပါ။ မကြီးစန်းကတော့ အခုလို အောင်မြင်မှုတွေမရခင်ခက်ခက်ခဲခဲနဲ့ ရုန်းကန်ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကို ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ “၁၉၉၅ခုနှစ်လောက်ကပေါ့။ …