အဖေများနဲ့ အမှတ်တရအဖြစ် အဖေနဲ့အတူလျှောက်လည်တဲ့ နေခြည်ဦးရဲ့ ဗီဒီယိုလေး

ဒီနေ့ ဇွန်လ (၂၁)ရက်နေ့မှာကျရောက်တဲ့နေ့မှာ နေခြည်ဦးကတော့ သူမရဲ့ Chillies လေးတွေအတွက် ဗီဒီယိုလေးတစ်ခု မျှဝေပေးလာခဲ့ပါတယ် ။ အဖေများနေ့အမှတ်တရ အဖြစ် အဖေနဲ့အတူ သွားလာစားသောက်ခဲ့တဲ့ အမှတ်တရနေ့ရက်လေးအဖြစ် ဒီဗီဒီယိုလေးနဲ့ အဖေများနေ့ကိုချီချီက ဂုဏ်ပြုခဲ့တာပါ ။

ဒီနေ့က Sunday ပိတ်ရက်ဆိုတော့ ဖေဖေနဲ့ ဘယ်လို Plan တွေ ရှိခဲ့ကြလဲ နေခြည်တို့က ပုံမှန်ဆို အမေတွေနဲ့က လက်ပွန်းတတီးနေဖြစ် ပြောဖြစ်ပေမယ့် အဖေတွေနဲ့ကျ အရမ်းစကားမပြောဖြစ်ဘူးလေ နေခြည်ကတော့ ဒီနေ့ တစ်နေ့လုံး မနက်ကနေ ညအထိ ဖေကြီးနဲ့ အချိန်ပေးဖြစ်တယ် အတူမနေဖြစ်ရင်တောင် message လေးနဲ့ပဲဖြစ်ဖြစ် ၊ ဖုန်း call လေးတစ်ခုနဲ့ပဲဖြစ်ဖြစ် ချစ်တယ် ဖေကြီး လို့ ပြောဖို့နော့ မမေ့လိုက်ပါနဲ့ ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ဗီဒီယိုလေးကို မျှဝေပေးခဲ့တာပါ ။

ပရိသတ်ကြီးကလည်း Father’s Day အမှတ်တရအဖြစ် comment မှာ အဖေနဲ့အမှတ်တရအဖြစ်ဆုံးနေ့လေးတွေအကြောင်း ပြောခဲ့ပေးပါဦးနော် ။ ကမ္ဘာပေါ်မှာရှိသမျှ အဖေတွေအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ ။

Source : Nay Chi Oo
Emily (Cele Gabar)