” မိခင်ဖြစ်သူက သက်ငယ်မုဒိမ်းကြောင့် ကိုယ်ဝန်ရသွားကာ မီးဖွားရင်း သေဆုံးသွား​ပြီးလောကအလယ်တစ်ယောက်ထဲကျန်ရစ်ခဲ့တဲ့သမီးလေးကို မွေးစားဖို့ဆုံးဖြတ်လိုက်တဲ့ ခိုင်နှင်းဝေ”

CeleGabar ပရိသတ်ကြီးရေခိုင်နှင်းဝေကတော့ပရဟိတမင်းသမီးတစ်လက်ဆိုတဲ့အတိုင်း ပရဟိတလုပ်ငန်းတွေကိုအမြဲတိုးချဲ့လုပ်ဆောင်နေတဲ့ သူတစ်ယောက်ပါ။ အလှူအတန်းတွေကို တရစပ်ပြုလုပ်လျက်ရှိတဲ့ ခိုင်နှင်းဝေကတော့ လတ်တလောမှာ သူ့ရဲ့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကိုရောက်ရှိနေတဲ့ကလေးတွေကို ပြုစုစောင့်ရှောက်နေတဲ့အပြင် အကူအညီတောင်းခံနေတဲ့နေရာတွေကိုလည်း ဆက်တိုက်သွားရောက်လှူဒါန်းလျက်ရှိတာပါ။

ဒီနေ့မှာတော့ ”ခရီးသွားရင်း အကြောင်းအကျိုး ပဌာန်းဆက်တွေကြောင့်သမီးလေး တစ်ယောက်ကို ခေါ်ယူမွေးစားဖြစ်ပါဦးမယ်ရှင်..သထုံဘက်မှ အမေက (၁၅) နှစ် သက်ငယ်မုဒိမ်းကြောင့် ကိုယ်ဝန်ရသွားကာ မီးဖွားရင်း သေဆုံးသွားပါတယ်..ကျန်ရစ်သူ သမီးလေးမှာ အဘွားနဲ့နေရင်း ဘွားအေမှာလဲ ဆုံးပါးသွားတဲ့ အတွက် ဆက်လက် စောင့်ရှောက်ဘို့ တစ်ဦး တစ်ယောက်မှ မရှိတော့တဲ့ အတွက် ကျမတို့ “ခိုင်” မိသားစု ဂေဟာမှ ဆက်လက် တာဝန်ယူ စောင့်ရှောက်သွားဖြစ်ပါမယ်ရှင်…🙏🙏🙏…”ဆိုတဲ့စာလေးနဲ့ သူမရဲ့လူမှုကွန်ရက်စာမှာတင်လာခဲ့တာပါ။

မိခင်ဆုံးပြီး စောင့်ရှောက်နေတဲ့အဘွားကပါဆုံးသွားခဲ့တာကြောင့် တစ်ယောက်ထဲလောကအလယ်မှာကျန်နေခဲ့တဲ့ချစ်စရာသမီးကိုခေည်ယူမွေးစားမယ့်ခိုင်နှင်းဝေရဲ့စေတနာမေတ္တာကတော့ တကယ့်ကို လေးစားစရာပါ။ CeleGabarပရိသတ်တွေလည်း ခိုင်နှင်းဝေရဲ့ ပရဟိတလုပ်ငန်းတွေပိုပိုအောင်မြင်ပြီး လှူဒါန်းနိုင်ဖို့ ဆုတောင်းပေးခဲ့ပါဦးနော်။

Koe-CeleGabar

Source – Khine Hnin Wai

ZawgyiFontဖြင့်ဖတ်

” မိခင္ျဖစ္သူက သက္ငယ္မုဒိမ္းေၾကာင့္ ကိုယ္ဝန္ရသြားကာ မီးဖြားရင္း ေသဆုံးသြား​ၿပီးေလာကအလယ္တစ္ေယာက္ထဲက်န္ရစ္ခဲ့တဲ့သမီးေလးကို ေမြးစားဖို႔ဆုံးျဖတ္လိုက္တဲ့ ခိုင္ႏွင္းေဝ”

CeleGabar ပရိသတ္ႀကီးေရခိုင္ႏွင္းေဝကေတာ့ပရဟိတမင္းသမီးတစ္လက္ဆိုတဲ့အတိုင္း ပရဟိတလုပ္ငန္းေတြကိုအၿမဲတိုးခ်ဲ႕လုပ္ေဆာင္ေနတဲ့ သူတစ္ေယာက္ပါ။ အလႉအတန္းေတြကို တရစပ္ျပဳလုပ္လ်က္ရွိတဲ့ ခိုင္ႏွင္းေဝကေတာ့ လတ္တေလာမွာ သူ႔ရဲ႕ ခိုင္ႏွင္းေဝရင္ေသြးေလးမ်ားေဂဟာကိုေရာက္ရွိေနတဲ့ကေလးေတြကို ျပဳစုေစာင့္ေရွာက္ေနတဲ့အျပင္ အကူအညီေတာင္းခံေနတဲ့ေနရာေတြကိုလည္း ဆက္တိုက္သြားေရာက္လႉဒါန္းလ်က္ရွိတာပါ။

ဒီေန႔မွာေတာ့ ”ခရီးသြားရင္း အေၾကာင္းအက်ိဳး ပဌာန္းဆက္ေတြေၾကာင့္သမီးေလး တစ္ေယာက္ကို ေခၚယူေမြးစားျဖစ္ပါဦးမယ္ရွင္..သထုံဘက္မွ အေမက (၁၅) ႏွစ္ သက္ငယ္မုဒိမ္းေၾကာင့္ ကိုယ္ဝန္ရသြားကာ မီးဖြားရင္း ေသဆုံးသြားပါတယ္..က်န္ရစ္သူ သမီးေလးမွာ အဘြားနဲ႔ေနရင္း ဘြားေအမွာလဲ ဆုံးပါးသြားတဲ့ အတြက္ ဆက္လက္ ေစာင့္ေရွာက္ဘို႔ တစ္ဦး တစ္ေယာက္မွ မရွိေတာ့တဲ့ အတြက္ က်မတို႔ “ခိုင္” မိသားစု ေဂဟာမွ ဆက္လက္ တာဝန္ယူ ေစာင့္ေရွာက္သြားျဖစ္ပါမယ္ရွင္…🙏🙏🙏…”ဆိုတဲ့စာေလးနဲ႔ သူမရဲ႕လူမႈကြန္ရက္စာမွာတင္လာခဲ့တာပါ။

 

မိခင္ဆုံးၿပီး ေစာင့္ေရွာက္ေနတဲ့အဘြားကပါဆုံးသြားခဲ့တာေၾကာင့္ တစ္ေယာက္ထဲေလာကအလယ္မွာက်န္ေနခဲ့တဲ့ခ်စ္စရာသမီးကိုေခည္ယူေမြးစားမယ့္ခိုင္ႏွင္းေဝရဲ႕ေစတနာေမတၱာကေတာ့ တကယ့္ကို ေလးစားစရာပါ။ CeleGabarပရိသတ္ေတြလည္း ခိုင္ႏွင္းေဝရဲ႕ ပရဟိတလုပ္ငန္းေတြပိုပိုေအာင္ျမင္ၿပီး လႉဒါန္းႏိုင္ဖို႔ ဆုေတာင္းေပးခဲ့ပါဦးေနာ္။

Koe-CeleGabar

Source – Khine Hnin Wai

Check Also

” မြင်သူတိုင်းပျော်ရွှင်ကြည်နူးမှုတွေကူးစက်စေမယ့် မင်္ဂလာဦးဆွမ်းကျွေးပုံရိပ်တွေကို ဝေမျှလာတဲ့ အေးချမ်းမိုး”

Cele-Gabar ပရိသတ်ကြီးရေ အေးချမ်းမိုးကတော့ မကြာသေးမှီက အစွံထုတ်သွားပြီဖြစ်တဲ့ အလှမယ် ၊ အစီအစဥ်တင်ဆက်သူလေးတစ်ဦးပါ။ ချစ်တတ်လွန်းတဲ့ ခင်ပွန်းလောင်းကိုပိုင်ဆိုင်ခဲ့တာကြောင့် လက်ထပ်ခွင့်တောင်းတာကအစ ရိုမန့်တစ်ဆန်လွန်းကာ မြင်သူတိုင်းအားကျခဲ့ရတာပါ။ ဒါ့အပြင် Bridal …

x
error: Content is protected !!