” အသက်(၁၇)နှစ်အရွယ်မှာ ကိုယ်တိုင်ရှာဖွေထားတဲ့လုပ်အားငွေနဲ့ ကိုယ်ပိုင်ကားတစ်စီးပိုင်ဆိုင်ခဲ့တဲ့ Teddy ”

CeleGabarပရိသတ်ကြီးရေ Beauty by Teddyကို အထူးမိတ်ဆက်ပြောစရာမလိုအောင်သိကြမှာပါ။အသက်ငယ်ငယ်လေးနဲ့beauty bloggerလောကမှာ နေရာတစ်ခုနဲ့ရပ်တည်အခြေချထားနိုင်တဲ့ လူငယ်လေးတစ်ယောက်လည်းဖြစ်ပါတယ်။အမြဲသွက်လက်တဲ့အပြောလေးတွေနဲ့ လူငယ်ပီပီပွင့်လင်းတက်ကြွလွန်းတဲ့သူ့ကို စီနီယာbeauty bloggerတွေကအစချီးကျူးရတဲ့သူလေးပါ။

Teddyအနေနဲ့လက်ရှိမှာတော့ အသက်၁၇နှစ်အရွယ်မှာ သူ့ရဲ့ လုပ်အားနဲ့ပိုင်ဆိုင်ခဲ့တာလေးကိုချပြခဲ့တာပါ။”အသက်၁၇နှစ်မှာကိုယ်ပိုင်ကားတစ်စီးဝယ်နိုင်ခဲ့ပါပြီ။၂ လပိုင်းထဲကားလေးတစ်စီးဝယ်ဖို့ပြည့်ခါနီးမှာ ဒီကိစ္စတွေကြောင့် အဲ့အချိန်မှာလိုအပ်နေတဲ့သူတွေကိုပတ်လှူတာ အလုပ်ပြန်လုပ်တော့ ၅ သိန်းဘဲ ကျန်တော့တယ် 😅 ဒါက ခုမှပြန်စစုပြီးဝယ်ခဲ့တာပါ 🙏🤍 လှူလဲလှူမယ် လိုချင်တာလဲဝယ်မယ်🤍”ဆိုတဲ့စာလေးနဲ့အတူ videoဖိုင်လေးကို တင်လာခဲ့တာပါ။

အသက်(၁၇)နှစ်အရွယ်နဲ့ကိုယ်တိုင်ရှာဖွေထားတဲ့ငွေနဲ့ကားတစ်စီးပိုင်ဆိုင်နိုင်ခဲ့တာကတော့တကယ့်ကို အထင်ကြီး ချီးကျူးစရာပါပဲနော်။ CeleGabarပရိသတ်တွေလည်း Teddyအတွက် ဂုဏ်ပြုချီးကျူးစကားလေးပြော ခဲ့ကြပါဦးနော်။

Koe- CeleGabar
Source- Beauty by teddy
ZawgyiFont ဖြင့်ဖတ်ရန်





Koe- CeleGabar
Source- Beauty by teddy

Check Also

” မြင်သူတိုင်းပျော်ရွှင်ကြည်နူးမှုတွေကူးစက်စေမယ့် မင်္ဂလာဦးဆွမ်းကျွေးပုံရိပ်တွေကို ဝေမျှလာတဲ့ အေးချမ်းမိုး”

Cele-Gabar ပရိသတ်ကြီးရေ အေးချမ်းမိုးကတော့ မကြာသေးမှီက အစွံထုတ်သွားပြီဖြစ်တဲ့ အလှမယ် ၊ အစီအစဥ်တင်ဆက်သူလေးတစ်ဦးပါ။ ချစ်တတ်လွန်းတဲ့ ခင်ပွန်းလောင်းကိုပိုင်ဆိုင်ခဲ့တာကြောင့် လက်ထပ်ခွင့်တောင်းတာကအစ ရိုမန့်တစ်ဆန်လွန်းကာ မြင်သူတိုင်းအားကျခဲ့ရတာပါ။ ဒါ့အပြင် Bridal …

x
error: Content is protected !!