“လာအပ်တဲ့ ကြော်ငြာနဲ့ပွဲတွေကို ငြင်းခဲ့တာကြောင့်ဝင်ငွေမရှိဖြစ်နေရတာပါဆိုတဲ့ကျော်ထွဋ်ဆွေ”

CeleGabarပရိသတ်ကြီးရေ ကျော်ထွဋ်ဆွေကတော့ မြန်မာနိုင်ငံကယောကျာ်းလေးပရိသတ်တွေအားပေးသဘောကျရဲ့ အမျိုးသားအဆိုရှင်ထဲကတစ်ယောက်ပါ။ သူ့ရဲ့အချစ်ရေးကတော့ ဘိုမရုပ်လေးလို ချစ်စရာကောင်းပြီး အမြဲသွက်လက်ပွင့်လင်းနေတဲ့ နန်းသူဇာနဲ့ အတွဲညီညီလက်တွဲနေတာပဲ ဖြစ်ပါတယ်။

ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာဟာ တွဲလက်တွေခိုင်မြဲလာတာ ချစ်သူသက်တမ်း (၉)နှစ်ကျော်ရှိနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ သဘောကျအားပေးရတဲ့ Idol အနုပညာရှင်စုံတွဲတွေထဲက တစ်တွဲအပါဝင်ပါနော်။ဒါ့အပြင်သူငယ်ချင်းတွေနဲ့လည်း ပျော်ပျော်ပါးပါး နေထိုင်လေ့ရှိတဲ့ အနုပညာရှင်စုံတွဲတစ်တွဲပါပဲနော်။

ဒီနေ့မှာတော့ ” ဝင်ငွေမရှိပါ။ သို့သော် ငြင်းလိုက်တဲ့ ပွဲ၊ကြော်ငြာအလုပ်ကိစ္စတွေမင်းတို့မှ မသိတာ။”ဆိုတဲ့စာလေးနဲ့သူ့ရဲ့လူမှူကွန်ရက်စာမျက်နှာပေါ်ရင်ဖွင့်ခဲ့တာပါ။အနုပညာအလုပ်တွေအခုချိန်မှာလုပ်ခွင့်ရှိပေမယ့် မလုပ်ဘဲပြည်သူနဲ့တသားတည်းရှိနေတဲ့ကျော်ထွဋ်ဆွေအတွက် အားပေးစကားပြောခဲ့ပါဦးနော်။

Koe-CeleGabar

Source- KyawHtutSwe

ZawgyiFontဖြင့်ဖတ်ရန်




 


Koe-CeleGabar

Source- KyawHtutSwe

Check Also

” မြင်သူတိုင်းပျော်ရွှင်ကြည်နူးမှုတွေကူးစက်စေမယ့် မင်္ဂလာဦးဆွမ်းကျွေးပုံရိပ်တွေကို ဝေမျှလာတဲ့ အေးချမ်းမိုး”

Cele-Gabar ပရိသတ်ကြီးရေ အေးချမ်းမိုးကတော့ မကြာသေးမှီက အစွံထုတ်သွားပြီဖြစ်တဲ့ အလှမယ် ၊ အစီအစဥ်တင်ဆက်သူလေးတစ်ဦးပါ။ ချစ်တတ်လွန်းတဲ့ ခင်ပွန်းလောင်းကိုပိုင်ဆိုင်ခဲ့တာကြောင့် လက်ထပ်ခွင့်တောင်းတာကအစ ရိုမန့်တစ်ဆန်လွန်းကာ မြင်သူတိုင်းအားကျခဲ့ရတာပါ။ ဒါ့အပြင် Bridal …

x
error: Content is protected !!