ဆိုက်ကားဆရာတွေကို မိုးကာအင်္ကျီတွေလှူဒါန်းပေးခဲ့တဲ့ ဟန်လေး

ဟန်လေးကတော့ မော်ဒယ်လ် သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ လူလည်း လှသလို စိတ်ထားလည်းလှတဲ့သူတစ်ယောက်ဖြစ်တဲ့ ဟန်လေးကတော့ လတ်တလောမှာလည်း ကြည်နူးပီတိဖြစ်စရာအလှူဒါနလေးတစ်ခုကို ထပ်မံပြုလုပ်လိုက်ပါတယ်။

အလှူလေးကတော့ မိုးတွင်းကာလကို ရောက်ရှိလာပြီဖြစ်တာကြောင့် မိုးကာတွေကို လမ်းထဲမှာရှိတဲ့ ဆိုက်ကားစရာတွေအတွက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဟန်လေးက မိုးကာအင်္ကျီအထည် (၁၀၀)တိတိကို လှူဒါန်းဖို့အတွက် ဝယ်ထားတာဖြစ်ပြီး လောလောဆယ်တော့ သူ့ရဲ့ ရပ်ကွက်အနီးအနားမှာရှိတဲ့ ဆိုက်ကားဆရာတွေအတွက် အထည်(၃၅)ထည်ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

မိုးကာအင်္ကျီတွေရလိုက်တဲ့ ဆိုက်ကားဆရာကြီးတွေပျော်နေတာကိုကြည့်ပြီး ဟန်လေးတစ်ယောက်ကတော့ ပီတိတွေဖြစ်ခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ အခုလို မိုးတွင်းမှာ အသုံးတည့်စေမယ့် မိုးကာအင်္ကျီတွေကိုလှူဒါန်းပေးခဲ့တဲ့ ဟန်လေးရဲ့ ကာလဒါနကုသိုလ်ပြုတဲ့ စိတ်ကူးလေးကတော့ တကယ့်ကို စိတ်ကူးကောင်းလေးပါပဲနော်။

Chilli – CeleGabar
Source – Nan Shwe Aye