” မြင်သူတိုင်းပျော်ရွှင်ကြည်နူးမှုတွေကူးစက်စေမယ့် မင်္ဂလာဦးဆွမ်းကျွေးပုံရိပ်တွေကို ဝေမျှလာတဲ့ အေးချမ်းမိုး”

Cele-Gabar ပရိသတ်ကြီးရေ အေးချမ်းမိုးကတော့ မကြာသေးမှီက အစွံထုတ်သွားပြီဖြစ်တဲ့ အလှမယ် ၊ အစီအစဥ်တင်ဆက်သူလေးတစ်ဦးပါ။ ချစ်တတ်လွန်းတဲ့ ခင်ပွန်းလောင်းကိုပိုင်ဆိုင်ခဲ့တာကြောင့် လက်ထပ်ခွင့်တောင်းတာကအစ ရိုမန့်တစ်ဆန်လွန်းကာ မြင်သူတိုင်းအားကျခဲ့ရတာပါ။

ဒါ့အပြင် Bridal Shower ပွဲလေးကိုလည်း သူမအတွက်surpriseဖြစ်ဖွယ်ပြင်ဆင်ပေးခဲ့တဲ့အပြင် လက်ထပ်ပွဲအပြင် မင်္ဂလာဦးဆွမ်းကျွေးကိုလည်းခမ်းနားစွာ ပြုလုပ်ခဲ့တာပါ။ ဒီနေ့မှာသူမတို့ ချစ်ဇနီးမောင်နှံရဲ့ မင်္ဂလာဦးဆွမ်းကျွေးအမှတ်တရပုံရိပ်တွေ ချစ်တဲ့ပရိသတ်တွေကြည့်ရှူနိုင်အောင်သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်လာခဲ့တာပါ။

ခဲပြာရောင်ဝမ်းဆက်လေးနဲ့ လိုက်ဖက်စွာ မြန်မာဆန်ဆန်ဆင်ယင်ထုံဖွဲ့မှုတွေနဲ့ လိုက်ဖက်ညီစွာကျက်သရေရှိနေတဲ့  မင်္ဂလာဇနီးမောင်နှံရဲ့ ပုံရိပ်တွကတော့ မြင်သူတိုင်း အပျော်တွေကူးစက်ကာကြည်နူးရတဲ့ထိပါပဲနော်။CeleGabarပရိသတ်တွေလည်း  ချမ်းမိုးတို့ဇနီးမောင်နှံအတွက်မင်္ဂလာဆုတောင်းလေးတောင်းပေးခဲ့ကြပါဦးနော်။

Koe-CeleGabar

Source – AyeChan Moe

ZawgyiFontဖြင့်ဖတ်ရန်


 




Koe-CeleGabar

Source – AyeChan Moe

x
error: Content is protected !!