မျိုးဆက်သစ်လေးမွေးပေးတော့မယ့် ချွေးမလေးကို စပရိုက်လုပ်ပေးခဲ့တဲ့ ခင်လှိုင်တို့မိသားစု

ခင်လှိုင်တို့မိသားစုလေးကတော့ သိုက်သိုက်ဝန်းဝန်းလေးနဲ့ ပျော်စရာကောင်းတဲ့မိသားစုလေးပါ။ သားသမီးတွေထဲက နေရဲနဲ့ သဇင်ထူးမြင့်တို့ဟာဆိုရင်လည်း ဖခင်လိုပဲ အနုပညာအလုပ်တွေလုပ်ရင်း ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာအပြည့်အဝရရှိနေပြီ ဖြစ်ပါတယ်။

ဘယ်နေရာပဲသွားသွား၊ ဘာလေးပဲစားစား မိသားစုလိုက်လေးတွေ့မြင်ရပြီး ဦးခင်လှိုင်ရဲ့ဦးစီးမှုအောက်မှာ ပျော်စရာကောင်းတဲ့မိသားစုလေးအဖြစ် တည်ရှိနေခဲ့တာဖြစ်ပါတယ်။ မနေ့ကလည်း သူတို့မိသားစုထဲကို ထပ်ရောက်လာမယ့် မျိုးဆက်သစ်လေးကို ကြိုဆိုပွဲလုပ်ခဲ့တဲ့အပြင် ချွေးမလေးကိုလည်း 4D Ultrasound ရလဒ်ကို Surprise လုပ်ပြီး ပျော်စရာအချိန်လေးကို ဖြတ်သန်းခဲ့ကြပါတယ်။

နောက်မျိုးဆက်သစ်လေးက သားလေးဖြစ်မလား၊ သမီးလေးဖြစ်မလား ရင်ခုန်စရာအချိန်လေးကို မိသားစုလိုက် ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြတာဖြစ်ပြီး သမီးလေးဖြစ်ကြောင်း ကိတ်မုန့်လေးနဲ့ Surprise လုပ်ဖော်ပြခဲ့တာပါ။ ခင်လှိုင်ကတော့ ထပ်ရောက်လာမယ့် မြေးမလေးအတွက် ” ရွှေပိုးဝတ်မှုံလှိုင်” ” ရွှေပိုးရတီဝတ်မှုံလှိုင်” ဘယ်နာမည်လေးနဲ့ အဆင်ပြေမလဲဆိုပြီးတော့လည်း ပရိသတ်ကြီးကို အကြံဉာဏ်တောင်းခံခဲ့ပါသေးတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ မျိုးဆက်သစ်လေးရောက်လာတော့မှာမို့ ပျော်နေတဲ့ ဦးခင်လှိုင်ရဲ့မိသားစုရဲ့ ဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Khin Hlaing
Rainbow- Cele Gabar