နေပူထဲမှာ ပန်းရောင်းနေတဲ့ အမေကြီးကို တတ်နိုင်သလောက် ကူညီပေးခဲ့တဲ့ ရဲလေးမ

ပရိသတ်တွေရဲ့အချစ်တော် ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် ရဲလေးမကတော့ လတ်တလောမှာ မန္တလေးမြို့ ကိုရောက်ရှိနေခဲ့ပါတယ်။ မန္တလေးမြို့ကို ရောက်ရှိနေချိန်မှာတော့ (၅၈)လမ်း အောင်ဆန်းလမ်းထောင့်အုတ်ခုံလေးမှာ နေပူထဲ ပန်းထိုင်ရောင်းနေရရှာတဲ့ အမေအိုကြီးကိုတွေခဲ့ချိန်မှာတော့ ရဲလေးမက တတ်နိုင်သလောက်ကူညီပေးခဲ့ပါတယ်။

ရဲလေးမကတော့ အမေအိုကြီးရောင်းနေတဲ့ ပန်းတွေကို အကုန်ဝယ်ယူအားပေးခဲ့ပြီး အမေအိုကြီး လိုအပ်တဲ့ နေရာတွေမှာ သုံးလို့ရအောင်လည်း အလှူငွေပေး ကန်တော့ခဲ့ပါသေးတယ်။ အမေအိုကြီးရဲ့ အသက်အရွယ်ဟာ ဘုရားတရားအားထုတ်ရမယ့် အသက်အရွယ်ဖြစ်ပေမဲ့ အခုလို ပင်ပင်ပန်းပန်းဝမ်းစာရှာဖွေနေရတာကိုမြင်တော့ သနားစိတ်ဖြစ်ကာ မျက်ရည်လည်တဲ့ အထိဖြစ်ခဲ့ရတာကြောင့် တတ်နိုင်သလောက်ကူညီပေးခဲ့တာပါတဲ့။

ပရိသတ်တွေကတော့ ရဲလေးမရဲ့ ဖြူစင်မွန်မြတ်လှတဲ့ စိတ်ဓာတ်လေးနဲ့ အမေအိုကို စိတ်သန့်သန့် ကူညီခဲ့တာကြောင့် ချီးကျူးကြောင်းမှတ်ချက်ပေးပြောဆိုနေကြပါသေးတယ်။ CeleGabar့ရိသတ်ကြီးရေ ရဲလေးမကတော့ နောက်တစ်ခါ မန္တလေးမြို့ကိုရောက်ခဲ့ရင်လည်း အမေအိုကြီးဆီကျု အမြဲသွားပြီး တတ်နိုင်သလောက် ကူညီပေးသွားဦးမှာပါတဲ့။

Chilli – CeleGabar
Source – Ye Lay Ma