ချစ်သက်တမ်း(၅)နှစ်ရှိနေပြီဖြစ်တာကြောင့် အမှတ်တရနေ့လေးမှာ ကျေနပ်ကြည်နူးနေတဲ့အမွန်း

နိုင်ငံရပ်ခြားအထိအောင်မြင်တဲ့ အနုပညာရှင်တွေထဲမှာတော့ အမွန်းတစ်ယောက်လည်း အပါအဝင်ပါ။ အမွန်းကတော့ အဆိုတော်တစ်ယောက်အဖြစ်လူသိများသူတစ်ယောက်ပါ။ “ဒုဌဝတီကိုကျော်လွန်၍” ဇာတ်ကားနဲ့လည်း သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုကိုရရှိထားသူပါ။


သူကတေ့ာအချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်ကိုပွင့်ပွင့်လင်းလင်းချပြထားတာပါ။ အခုလည်း ချစ်သက်တမ်း(၅)နှစ်ပြည့်သွားတဲ့အကြောင်းကို “Cheers mon amour ! 5 years down, forever to go !! ချစ်သူသက်တမ်း ငါးနှစ်ပြည့်ပီချစ်သူ ! ( နောက်နှစ်ဒီချိန်ဆို နှစ်ယောက်သား စတေးတပ်စ်ပြောင်းပြီ ) ချစ်တယ်နော် , ဒါပဲ , ဂွပ် !” ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်ခ်မှာရေးသားခဲ့သလို ချစ်သူနှစ်ဦးရဲ့ပုံရိပ်တွေကိုလည်း တင်ထားတာပါ။


အမွန်းတို့ကတော့ နားလည်မှုအပြည့်နဲ့လက်တွဲထားတာဖြစ်ပြီး မိဘစုံရာနဲ့စေ့စပ်ထားတာလည်း ဖြစ်ပါတယ်။ အခုဆိုရင်ချစ်သက်တမ်း(၅)နှစ်ပြည့်သွားပြီဖြစ်ပြီး နောက်တစ်နှစ်ဆိုရင်စတေးတပ်စ်ပြောင်းတော့မယ့်အကြောင်း ပြောသွားပါတယ် ပရိသတ်ကြီးရေ…


Source : AhMoon