ဖိုးပြည့်ရဲ့ “ကိုယ်စောင့်နတ်” သီချင်း MTVလေးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မေမြင့်မိုရ်

မေမြင့်မိုရ်ကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေကနေ တစ်ဆင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း မေမြင့်မိုရ်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နေရတဲ့ အထိကို အောင်မြင်မှုတွေရရှိနေတဲ သူတစ်ယောက်ပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ အဆိုတော် ဖိုးပြည့်ရဲ့ “ကိုယ်စောင့်နတ်” သီချင်းလေးမှာ ပါဝင်သရုပ်ဆောင်ရိုက်ကူးနေတဲ့ အကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ” နင်ဟာငါ့တစ်ယောက်တည်းအတွက် ငါ့ရဲ့ကိုယ်စောင့်နတ်လို. ကိုဖိုးပြည့်ရဲ့ ‘ကိုယ်စောင့်နတ်’ သီချင်း Music Video လေးရိုက်” ဆိုပြီး ပုံလေးတွေနဲ့ အတူဖော်ပြလာခဲ့ပါတယ်။

အဆိုတော် ဖိုးပြည့်ရဲ့”ကိုယ်စောင့်နတ်” သီချင်းလေးက ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျခဲ့ပြီး ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲနေတဲ့အထိကို အောင်မြင်မှုတွေရရှိခဲ့တဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ မေမြင့်မိုရ်သရုပ်ဆောင်ထားတဲ့ “ကိုယ်စောင့်နတ်” သီချင်း MTV လေးထွက်ရှိလာရင်အားပေးကြပါဦးနော်။

Chilli – CeleGabar
Source – May Myint Mo