JOOX ရဲ့ထိပ်ဆုံးနေရာတွေမှာ (၄)ပတ်မြောက်အထိရှိနေတဲ့ ဖြူဖြူကျော်သိန်းရဲ့ သီချင်းအသစ်

မြန်မာ့ဂီတလောကမှာ နာမည်ကြီးအဆိုတော်တစ်ယောက်အဖြစ် နှစ်များစွာရပ်တည်နေနိုင်သူကတော့ ဖြူဖြူကျော်သိန်းပါ။ ဖြူဖြူကတော့ အဆွေးသီချင်း၊အသည်းကွဲသီချင်းတွေနဲ့ ပရိတ်တွေရဲ့အသည်းကိုဖမ်းစားနိုင်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုလည်း အမိုက်စားအသည်းကွဲသီချင်းနဲ့ ပရိသတ်ရင်ထဲကိုထိရှိစေခဲ့ပါပြီ။


ဒါကြောင့်လည်း ဖြူဖြူရဲ့သီချင်းအသစ်ကတော့ JOOX ရဲ့ထိပ်ဆုံးနေရာမှာ (၄)ပတ်အထိရှိနေတာပါ။ ဖြူဖြူကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ထွက်သွားပါတော့” ထွက်လာခဲ့ပြီး ၄ပတ်မြောက်တဲ့ထိ Joox top 100 Chart ရဲ့ ထိပ်ဆုံးနေရာ TOP2မှာ ဆက်နေဖို့ နားထောင်ပေးကြတဲ့ ချစ်ပရိသတ်တွေ၊ Warriors တွေ၊ Phyubies တွေကို ကျေးဇူးအများကြီးတင်ပါတယ် ။ သီချင်းလေးက ထွက်ပြီးရက်ပိုင်းမှာတင် ကြည့်ရှုသူ one million ထိသွားခဲ့ပေမယ့် ဖြူဖြူ page အဟက်ခံရတဲ့အချိန်မှာ အဖျက်ခံလိုက်ရလို့ ပရိသတ်တွေကြား ရောက်ပါ့မလားလို့ စိုးရိမ်ခဲ့ရတာပါ။ နောက်ပြီး chamber orchestra music ပုံစံ နဲ့ သီချင်းခက်ခက်ကြီးဆိုတော့ popular chart တွေထဲ ဝင်ဖို့ မလွယ်လောက်ဘူးလို့ ထင်ခဲ့တာ ပါ။ Thank you so much Diva’s Warriors & Phyubies for streaming day and night
ထွက်သွားပါတော့ …ကို Joox မှာ နားဆင်ရန် https://joox.page.link/dqdwQh #JOOX ဆိုပြီးတော့ရေးသားထားတာပါ။


ပရိသတ်တွေကတော့ ဖြူဖြူရဲ့သီချင်းအသစ်ကိုအရမ်းကိုကြိုက်နှစ်သက်နေကြတာပါ။ သီချင်းအသစ်ဖြစ်တဲ့ ထွက်သွားပါတော့ ကိုနားထောင်ပြီးကြပြီလား။ ဆယ်လီကမ္ဘာပရိသတ်ကြီးကိုပြန်လည်မျှဝေလိုက်ပါတယ်နော်….
Source : phyuphyukyawthein