မီးဖိုချောင်စရိတ်သက်သာဖို့ နည်းလမ်းကောင်းလေးမျှဝေလိုက်တဲ့ နေမျိုးအောင်ရဲ့ဇနီး

ဗွီဒီယိုလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့မင်းသားတစ်လက်ဖြစ်တဲ့ နေမျိုးအောင်ကတော့ လက်ရှိအချိန်မှာ ချစ်ဇနီး၊ သားလေးနှစ်ယောက်တို့နဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားသူပါ။

အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေသလို အာဗြဲစိန်ငါးပိ၊ ငံပြာရည်နဲ့ စားသောက်ကုန်လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် အိမ်မှာနေထိုင်တဲ့ကာလတစ်လျှောက်မှာတော့ ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်ရအောင် အိမ်မှုကိစ္စနိုင်နင်းတဲ့ဇနီးဖြစ်သူနဲ့အတူ ဟင်းချက်နည်းနဲ့ အိမ်ရှင်မတွေသိသင့်သိထိုက်တဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလျက်ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ နေမျိုးအောင်ရဲ့ဇနီးဖြစ်သူက မီးဖိုချောင်စရိတ်သက်သာဖို့ သူအမြဲလုပ်လေ့ရှိတဲ့နည်းလမ်းလေးတစ်ခုကို ဗွီဒီယိုလေးနဲ့ကိုယ်တိုင်လုပ်ပြခဲ့ပါတယ်။ ပန်းကန်ဆေး၊အဝတ်လျှော်ရာမှာ မရှိမဖြစ်နေ့စဉ်အသုံးပြုနေရတဲ့ ဆပ်ပြာကို အကုန်အကျနည်းစွာနဲ့ ကောင်းကောင်းမွန်မွန်သုံးလို့ ရအောင် လုပ်ပြထားတဲ့နည်းလမ်းလေးမို့ ပရိသတ်ကြီးလည်း လိုက်လုပ်ကြည့်လို့ရအောင် ဗွီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

Source – Nay Myo Aung
Rainbow- Cele Gabar