အဆိုတော်တစ်ယောက်ဖြစ်မလာခင် ပထမဆုံးအဆိုပြိုင်ပွဲမှာခံစားခဲ့ရတဲ့ခံစားချက်တွေကို မျှဝေခဲ့တဲ့ဝိုင်းလေး

ဝိုင်းလေးကတေ့ာ အလှမယ်တစ်ယောက်ဖြစ်သလို အဆိုတော်၊မော်ဒယ်လ်အဖြစ်လည်း အနုပညာအလုပ်တွေလုပ်နေတာပါ။ လက်ရှိမှာဆိုရင် သီချင်းအယ်လ်ဘမ်တွေထွက်ရှိထားပြီး ပရိသတ်အကြိုက်သီချင်းတွေလည်း ထွက်ရှိထားတာကြောင့် ပရိသတ်တွေရဲ့အားပေးမှုများစွာရရှိထားတာပါ။ နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်လာပြီဖြစ်တဲ့ဝိုင်းလေးကတော့ အဆိုတော်တစ်ယောက်ဖြစ်လာခဲ့တဲ့ ပထမဆုံးခြေလှမ်းလေးကိုပြောပြလာပါတယ်။


သူ့ရဲ့ဖေ့ဘွတ်ခ်မှာဆိုရင် “အဆိုတော်တစ်ယောက်ဖြစ်လာဖို့ ပထမဦးဆုံးပြိုင်ပွဲ မှာ ပထမဦးဆုံးဆိုခဲ့ရတယ် အရမ်းလည်းကြောက်ခဲ့တာ ဒိုင် သုံးဦး လှည့်ကြည့်တဲ့ချိန်ရင်ထဲ ဘာကြီးမှန်းမသိဘူး။ အမေနဲ့ အဖေဆို ဘယ်လောက်ပျော်နေမလည်း ခုဆို ဒါလေးပြန်ကြည့်ပြီး ယုံကြည်ရာကို တစိုက်မတ်မတ်နဲ့ ကြိုးစားရင် ဖြစ်တယ်ဆိုတာ ပိုပိုနားလည်လက်ခံလာပါပြီ။အိပ်မက်ဆုံရာ Blind Audition ” ဆိုပြီးတော့ အဲ့ဒီတုန်းကကြုံခဲ့ရတဲ့ အဖြစ်အပျက်နဲ့ခံစားချက်လေးတွေကို ပြန်လည်ပြောပြလာတာပါ။


ဝိုင်းလေးကတော့ ကိုယ်ပိုင်သီချင်းတွေသာမက Cover သီချင်းတွေကိုလည်း ပြန်လည်သီဆိုကာ ပရိသတ်အားပေးမှုကို များစွာရရှိထားတာပါ။ အိမ်မက်ဆုံရာ ပြိုင်ပွဲမှာစတင်ခဲ့တဲ့ ဝိုင်းလေးကတော့ လက်ရှိအချိန်မှာ ဂီတလောကရဲ့ငွေကြယ်တစ်ပွင့်ဖြစ်နေပါပြီ။ ဝိုင်းလေးရဲ့ပရိသတ်တွေရှိလားနော်….
Source : WyneLay