ပရိသတ်တွေ စိတ်ဝင်စားစရာဖြစ်လာတဲ့ ဖြူဖြူကျော်သိန်းနဲ့ ကျော်ထက်အောင်တို့ရဲ့ ဆက်ဆံရေး

ပရိသတ်ကြီးရေ နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဖြူဖြူကျော်သိန်းနဲ့ MyanmarIdol ရဲ့ အစီစဉ်တင်ဆက်သူ ကျော်ထက်အောင်တို့ကတော့ ပရိသတ်တွေကို အမြဲလိုလို ပဟေဠိတွေနဲ့ အသည်းယားအောင်လုပ်တတ်တဲ့ သူနှစ်ယောက်ပါ ။ ပရိသတ်တွေကတွဲနေကြပြီလားလို့ ထင်ရလောက်အောင် ပရိသတ်တွေကို စနောက်တတ်တဲ့ သူနှစ်ဦးဆိုလည်းမ မှားပါဘူး ။

မကြာသေးမီကမှ လူကြီးစုံရာနဲ့ စကားပြောတယ်ဆိုတဲ့ စာသားနဲ့အတူ သူတို့နှစ်ယောက်ရဲ့ စုံတွဲပုံရိပ်တွေကို လူမှုကွန်ရက်စာမျက်နှာထက်မှာ ဖော်ပြခဲ့တဲ့အတွက် ပရိသတ်တွေက တကယ်ပဲ စုံတွဲတွေလားလို့ အထင်မှားခဲ့ကြပါသေးတယ် ။ လတ်တလောမှာတော့ မရတော့ဘူး…အရမ်းတွေ သဝန်တိုနေပါပြီဆိုလို့ ဒီနေ့သူ့ကိုသွားတွေ့ရသေးတယ် ဆိုတဲ့စာသားလေးနဲ့အတူ ဖြူဖြူက သူမတို့နှစ်ယောက်ရဲ့ စုံတွဲ ပုံရိပ်လေးတွေကို ဖေ့ဘုတ်စ်စာမျက်နှာထက်မှာ ထပ်မံ ဖော်ပြလာခဲ့ပါတယ် ။

ကျော်ထက်အောင်ကလည်း မမဖြူ ကကိုယ်သဝန်တိုတတ်တာသိတော့ ချက်ချင်းရောက်လာတယ် ဆိုတဲ့စာသားလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားထားတာကိုလည်းတွေ့ရပါတယ် ။ ပရိသတ်တွေကလည်း သူမတို့စုံတွဲကို လိုက်ဖက်တယ်ဆိုပြီး သဘောတူကြောင်းမှတ်ချက်တွေရေးသားခဲ့ကြပါတယ် ။

Source : Phyu Phyu Kyaw Thein
Emily ( Cele Gabar)