” လွန်ခဲ့တဲ့၃နှစ်ကလိမ်လည်မှုတစ်ခုမှာအလိမ်ခံခဲ့ရတာကြောင့် ရှိတဲ့ကားလေး အသိမ်းခံရတော့မဲ့ အဖြစ်လေးကို ဝမ်းနည်းစွာ ရင်ဖွင့်ပြောပြလာတဲ့ ခိုင်နှင်းဝေ”
CeleGabar ပရိသတ်ကြီးရေခိုင်နှင်းဝေကတော့ပရဟိတမင်းသမီးတစ်လက်ဆိုတဲ့အတိုင်း ပရဟိတလုပ်ငန်းတွေကိုအမြဲတိုးချဲ့လုပ်ဆောင်နေတဲ့ သူတစ်ယောက်ပါ။ အလှူအတန်းတွေကို တရစပ်ပြုလုပ်လျက်ရှိတဲ့ ခိုင်နှင်းဝေကတော့ လတ်တလောမှာ သူ့အနေနဲ့ဆုံရှုံးမှုတစ်ခုဖြစ်ပေါ်တော့မယ့်အကြောင်းရင်ဖွင့်ခဲ့တာပါ။
“လွန်ခဲ့တဲ့ (၃) နှစ်တုန်းက ကျမရဲ့ အသင်းကား အပါအဝင် အခြားကား (အင်းစိန်မှ အသိအန်တီကြီးရဲ့ ကား) များအား လိမ်လည်ပြီး AYA Bank မှာ ပေါင်နှံထားတဲ့ အမှုများ နှင့် အခြား အမှုများအတွက် လိမ်လည်သူအား (၇.၄.၂၀၂၀ နေ့ မှ စ၍) တရားစွဲဆိုထားပြီးသော်လည်း (၂) နှစ်ပြည့်ခါနီး အထိ လာရောက်မဖြေရှင်းပဲ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ကျမရဲ့ အတိတ်ကံ အကြောင်းနှင့် ကျမရဲ့ အယုံလွယ် ပေါ့ဆမှု တစ်ခု အတွက် ( ကျမရဲ့ ချွေးနဲစာ စစ်စစ်များဖြင့် ) ကြားကစိုက်ရှင်းဘ်ို့ အကြောင်းလေး ဖြစ်လာရပါတယ်..ယနေ့ အချိန်ထိ သီးခံစောင့်ဆိုင်း နားလည်ပေးပါသော AYA Bank မှ တာဝန်ရှိ လူကြီးများ အားလုံးက်ိုလဲ ကျေးဇူး အများကြီးတင်ပါတယ်ရှင်..တစုံ တယောက်ကိုလဲ ထွက်ပြေး တိမ်းရှောင်ခြင်း မပြုပဲ လာရောက်ဖြေရှင်းဘ်ို့ အတွက်လဲ တိုက်တွန်းပါတယ်..။
လာရောက်ဖြေရှင်းပါက တတ်နိုင်သလောက် ကူညီပေးဘ်ုိ့လဲ အကြိမ်ကြိမ် ပြောဆိုထားပေမဲ့ လုံးဝ မဆက်သွယ်လာသောကြောင့် ဒီစာလေးနဲ့ပဲ ထပ်မံ သတိပေးဖြစ်ပါတယ်..ကျမက နေပေမဲ့ အခြားခံရသူများက မနေပါဘူး..ဥပဒေကလဲ မနေပါဘူး..အားလုံး အဆင်ပြေအောင် လာရောက်ရှင်းလင်းစေချင်ပါတယ်..တရားရုံးက ဖမ်းဝရမ်းထုတ်တဲ့ အထိ စောင့်နေတာ အဖြေမဟုတ်ပါဘူး..ကျမ အနေ နဲ့ကတော့ ဘာမှ မတတ်နိုင်တော့ပဲ အချိန် တစ်ခု ရောက်ပီဆိုတဲ့ အကြောင်း စိတ်မကောင်းစွာပဲ တစုံ တယောက်ကို အသိပေး ပြောချင်ပါတော့တယ်ရှင်”ဆိုတဲ့စာလေးနဲ့ အကြောင်းစုံပြောပြခဲ့တာပါ။
ဒါ့အပြင် သဘောထားပြည့်ဝလှတဲ့ခိုင်နှင်းဝေကတော့”ကားအသစ်လေး မရတဲ့ အပြင် ရှိတဲ့ ကားပါ အသိမ်းခံရတော့မဲ့ အဖြစ်လေးကို ဘဝ အတွက် သင်ခန်းစာအဖြစ်မှတ်ယူပြီး ဝဠ်ကြွေးလို့သာ မှတ်ပါတော့မယ်…ကိုယ့်ချွေးနဲစာ စစ်စစ်များနဲ့ စိုက်လျော်ဖြေရှင်းပြီး ဝဠ်ကြွေးရှိရင် ဒီဘဝ မှာပဲ ကျေရပါစေလ်ုိ့သာ ဆုတောင်းမိပါတော့တယ်ရှင်..🙏🙏🙏”ဆိုတဲ့စာလေးနဲ့ရင်ဖွင့်ကာဝမ်းနည်းစကားဆိုခဲ့တာပါ။CekeGdbarပရိသတ်တွေလည်းခိုင်နှင်းဝေရဲ့ပြဿနာအမြန်ဆုံးပြေလည်ဖို့ဆုတောင်းပေးခဲ့ကြပါဦးနော်။
Koe-CeleGabar
Source – Khine Hnin Wai
ZawgyiFontဖြင့်ဖတ်ရန်
” လွန်ခဲ့တဲ့၃နှစ်ကလိမ်လည်မှုတစ်ခုမှာအလိမ်ခံခဲ့ရတာကြောင့် ငရှိတဲ့ကားလေး အသိမ်းခံရတော့မဲ့ အဖြစ်လေးကို ဝမ်းနည်းစွာ ရင်ဖွင့်ပြောပြလာတဲ့ ခိုင်နှင်းဝေ”
“လွန်ခဲ့တဲ့ (၃) နှစ်တုန်းက ကျမရဲ့ အသင်းကား အပါအဝင် အခြားကား (အင်းစိန်မှ အသိအန်တီကြီးရဲ့ ကား) များအား လိမ်လည်ပြီး AYA Bank မှာ ပေါင်နှံထားတဲ့ အမှုများ နှင့် အခြား အမှုများအတွက် လိမ်လည်သူအား (၇.၄.၂၀၂၀ နေ့ မှ စ၍) တရားစွဲဆိုထားပြီးသော်လည်း (၂) နှစ်ပြည့်ခါနီး အထိ လာရောက်မဖြေရှင်းပဲ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ကျမရဲ့ အတိတ်ကံ အကြောင်းနှင့် ကျမရဲ့ အယုံလွယ် ပေါ့ဆမှု တစ်ခု အတွက် ( ကျမရဲ့ ချွေးနဲစာ စစ်စစ်များဖြင့် ) ကြားကစိုက်ရှင်းဘို့ အကြောင်းလေး ဖြစ်လာရပါတယ်..ယနေ့ အချိန်ထိ သီးခံစောင့်ဆိုင်း နားလည်ပေးပါသော AYA Bank မှ တာဝန်ရှိ လူကြီးများ အားလုံးကိုလဲ ကျေးဇူး အများကြီးတင်ပါတယ်ရှင်..တစုံ တယောက်ကိုလဲ ထွက်ပြေး တိမ်းရှောင်ခြင်း မပြုပဲ လာရောက်ဖြေရှင်းဘို့ အတွက်လဲ တိုက်တွန်းပါတယ်..။
လာရောက်ဖြေရှင်းပါက တတ်နိုင်သလောက် ကူညီပေးဘို့လဲ အကြိမ်ကြိမ် ပြောဆိုထားပေမဲ့ လုံးဝ မဆက်သွယ်လာသောကြောင့် ဒီစာလေးနဲ့ပဲ ထပ်မံ သတိပေးဖြစ်ပါတယ်..ကျမက နေပေမဲ့ အခြားခံရသူများက မနေပါဘူး..ဥပဒေကလဲ မနေပါဘူး..အားလုံး အဆင်ပြေအောင် လာရောက်ရှင်းလင်းစေချင်ပါတယ်..တရားရုံးက ဖမ်းဝရမ်းထုတ်တဲ့ အထိ စောင့်နေတာ အဖြေမဟုတ်ပါဘူး..ကျမ အနေ နဲ့ကတော့ ဘာမှ မတတ်နိုင်တော့ပဲ အချိန် တစ်ခု ရောက်ပီဆိုတဲ့ အကြောင်း စိတ်မကောင်းစွာပဲ တစုံ တယောက်ကို အသိပေး ပြောချင်ပါတော့တယ်ရှင်”ဆိုတဲ့စာလေးနဲ့ အကြောင်းစုံပြောပြခဲ့တာပါ။
Koe-CeleGabar
Source – Khine Hnin Wai
x
error: Content is protected !!