ချစ်သူနှစ်ယောက်ရဲ့ Private Dating ညကိုပုံဖော်ထားတဲ့ ဖြူဖြူကျော်သိန်းနဲ့သိန်းလင်းစိုးရဲ့သီချင်းအသစ်

ဖြူဖြူကတော့ မကြာသေးခင်ရက်ပိုင်းက ပရိသတ်တွေသဝန်တိုအောင် ပုံအသစ်တွေတင်လိုက်ပါသေးတယ်။ ပုံထဲကအမျိုးသားကတော့ သရုပ်ဆောင်၊အဆိုတော်သိန်းလင်းစိုးဖြစ်ပြီးတော့ သီချင်းအသစ်ကိုအတူတူဖန်တီးခဲ့ကြတာပါ။ ဒီသီချင်းနာမည်ကတော့ Private Dating ဖြစ်ပြီး ချစ်သူနှစ်ယောက်ရဲ့ ကဗျာဆန်ဆန်Dating ညလေးကို ပုံဖော်ထားတဲ့ သီချင်းအေးလေးတစ်ပုဒ်ဖြစ်ပါတယ်။


ဒီသီချင်းကိုတော့ JOOX အပ်ပလီကေးရှင်းမှာ နားဆင်နိုင်နေပြီဖြစ်ပါတယ်။ ဖြူဖြူကတော့ “မင်းရင်ခွင်ကြားတိုးဝှေ့ထားတော့ ရင်ခုန်သံတွေကြားလား #PrivateDating ဒီမနက် JOOX မှာ စနားထောင်လို့ ရပါပြီနော်။ Music Video teaser လေးလည်း JOOX နဲ့ V7Entertainment ကနေ ညနေ ၃ နာရီတင်ပါလိမ့်မယ်နော်။ အရမ်းချစ်တဲ့သူတွေလည်း သဝန်စတိုလို့ရပါပြီနော်” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်မှာရေးသားထားပါသေးတယ်။


ဒီသီချင်းထဲကစာသားတွေဖြစ်တဲ့ “အဝေးသို့ထွက်လို့မသွားပါနဲ့ ငါထွက်သွားဖို့လည်းမင်းမတောင်းဆိုနဲ့ မင်းရဲ့အနမ်းတွေကြား ဒီညတော့မင်းအတွက်ငါအကျဉ်းသား(Private dating ည)” စတာတွေတော့ ချစ်သူနှစ်ယောက်ရဲ့ကြည်နူးစရာကောင်းတဲ့ Private dating ညကိုအကောင်းဆုံးပုံဖော်ထားလို့ ပရိသတ်တွေလည်း အကြိုက်တွေ့ကြမယ်ထင်ပါရဲ့နော်…


Source : phyuphyukyawthein