သီချင်းကောင်းတွေများစွာပါဝင်တဲ့ “7” Music Video ကာရာအိုကေခွေလေးထွက်ရှိပြီဖြစ်ကြောင်း သတင်းကောင်းပါးခဲ့တဲ့ တင်ဇာမော်

နှစ်ပေါင်းများစွာတိုင် ပရိသတ်အားပေးမှုအခိုင်အမာနဲ့ရပ်တည်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့ တင်ဇာမော်ကတော့ မိန်းကလေးအဆိုတော်တိုင်းမှာမရှိတဲ့ အားကောင်းတဲ့အသံကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ သီချင်းကောင်းတွေများစွာကို သီဆိုခဲ့သူလည်း ဖြစ်ပါတယ်။

တင်ဇာမော်ကတော့ နှစ်အနည်းငယ်လောက် ပရိသတ်တွေနဲ့ ဝေးကွာခဲ့ပေမယ့်လည်း မြန်မာနိုင်ငံကို သူပြန်လည်ရောက်ရှိလာတဲ့အချိန်မှာ ပထမဆုံးပြန်လုပ်ခဲ့တဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်လေးဖြစ်တဲ့ “7” သီချင်းခွေဟာဆိုရင်လည်း တင်ဇာမော်ကတော့ တင်ဇာမော်ပါပဲလို့ ဆိုရအောင် ပရိသတ်ပါးစပ်ဖျားမှာရေပန်းစားတဲ့ သီချင်းကောင်းမြောက်များစွာ ပါဝင်ခဲ့ပါတယ်။

ဒီအယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့ “ပုထုဇဉ်” “မထင်ခဲ့ဘူး” ” ဧည့်သည်” သီချင်းတွေဟာဆိုရင်တော့ မကြိုက်တဲ့သူမရှိလောက်အောင် ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးခြင်းရရှိခဲ့တဲ့သီချင်းတွေပါ။ ဒီလိုသီချင်းကောင်းတွေများစွာပါဝင်တဲ့ တင်ဇာမော်ရဲ့ Music Video ကာရာအိုကေအခွေလေးဟာဆိုရင်တော့ ဒီနေ့မှာ ထွက်ရှိလာပြီဖြစ်ပါတယ်။ တင်ဇာမော်ကတော့ ဒီနေ့မှာထွက်ရှိလာတဲ့သူ့ရဲ့အခွေလေးနဲ့ပတ်သက်ပြီး အားပေးကြတဲ့ပရိသတ်တွေကို နောက်ခြေလှမ်းတွေအတွက် အားဖြစ်စေတာမို့ ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ် ပရိသတ်ကြီးရေ…


Source – Tin Zin Maw
Rainbow- Cele Gabar