လူငယ်အဆိုတော်တွေထဲမှာ Shine က အကြိုက်ဆုံး Artist တစ်ယောက်ပါပဲဆိုတဲ့ လွှမ်းပိုင်

နိုင်ငံကျော်အဆိုတော် လွှမ်းပိုင်ကတော့ လူငယ်အဆိုတော်တွေထဲမှာ Shine ကြိုက်နှစ်သက်ရတဲ့ Artist တစ်ယောက်ဖြစ်တဲ့အကြောင်းကို “Shine ဟာကျွှန်တော်သိထားတဲ့လက်ရှိ လူငယ် Artist တွေထဲမှာ Talent အပြည့်ရှိတဲ့လူငယ်တယောက်ပါ။ပြည်တွင်း Artist တွေထဲမှာ Different one Musicလို့သူပြောသလိုပဲတကယ်ကို Different ဖြစ်ပြီးကျွှန်တော်ကြိုက်နှစ်သက်ရတဲ့ Artist တယောက်ပါ။

သီချင်းရေးတဲ့တေးရေးတော်တော်များများသိပါတယ် အချစ်သီချင်းရေးရတာ/အပျော်သီချင်းရေးရတာ လွယ်ပေမဲ့ မိဘ/သူငယ်ချင်း/အစရှိသောသံယောဇဉ်ကိုဖော်ကြူးတဲ့ သီချင်းတွေရေးရတဲ့အခါတော်ရုံတန်ရုံနဲ့တဖက်သူရင်ထဲရောက်အောင်ရေးဖို့မလွယ်သလိုတေးရေးသူကလဲတကယ်ရင်ထဲကခံစားချက်အပြည့်နဲ့ရေးမှရတာမျိုးဖြစ်ပါတယ်။ဒါပေမဲ့ဒီသီချင်းကိုတော့ Shine ကလုံးဝနားထောင်သူရင်ထဲရောက်အောင်ရေးနိုင်ရုံတင်မက တေးသံစဉ်ကလဲအများထင်သလိုဆွေးနေတဲ့သံစဉ်မျိုးမဟုတ်ပဲဆွေးသွားအောင်ဖန်တီးနိုင်တဲ့သူ့ အနုပညာကတော့တော်တော်ကြမ်းလွန်းလို့ဒီစာနဲ့ကျွန်တော်ဂုဏ်ပြုချင်ပါတယ်ဗျာ။ကျွန်တော်တို့နိုင်ငံမှာဒီလိုတော်တဲ့အနုပညာရှင်လက်သစ်တွေကို Media များ ပရိတ်သတ်များအနေနဲ့များစွာ Support လုပ်ပေးဖို့လိုပါတယ်။အားပေးပါ တန်ဖိုးထားပါ ဒါတကယ့် အနုပညာရှင်အစစ်ပါ!!” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ Shine ရဲ့ အစ်ထွက်ရှိထားတဲ့ “၁၉၉၀” သီချင်းသစ်လေးကို Share ပြီး ချီးကျူးစကားဆိုထားပါတယ်။

CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော်အဆိုတော် လွှမ်းပိုင်ကတော့ Shine ဟာ “၁၉၉၀” သီချင်းကို နားထောင်သူရင်ထဲရောက်အောင်ရေးနိုင်ရုံတင်မက တေးသံစဉ်ကလဲအများထင်သလိုဆွေးနေတဲ့သံစဉ်မျိုးမဟုတ်ပဲဆွေးသွားအောင်ဖန်တီးနိုင်တဲ့သူ့ အနုပညာကတော့တော်တော်ကြမ်းလွန်ပါတယ်တဲ့။

Source: Hlwan Paing
DarDar-CeleGabar