အသစ်ထွက်ရှိလာပြီဖြစ်တဲ့ ချမ်းချမ်းနဲ့နေနေတို့ရဲ့သီချင်းအသစ်

အနုပညာလောကမှာ ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်ညီအစ်မတွေထဲမှာတော့ ချမ်းချမ်းနဲ့နေနေတို့လည်း ပါဝင်ပါတယ်။ သီချင်းအေးလေးတွေနဲ့အတူပရိသတ်အကြိုက်သီချင်းကောင်းလေးတွေကိုဖန်တီးလေ့ရှိတာကြောင့်လည်း ပရိသတ်တွေရဲ့ခံစားချက်တွေနဲ့ထပ်တူကျတယ်လို့ ဆိုရမှာပါ။ လက်ရှိမှာလည်း သူတို့နှစ်ဦးရဲ့ပူးပေါင်းဖန်တီးမှုကိုမြင်ချင်တဲ့သူတွေအတွက်တော့ ဆန္ဒပြည့်တယ်လို့ ဆိုရမှာပါ။


ချမ်းချမ်းကတော့ သူတို့နှစ်ဦးရဲ့သီချင်းအသစ်လေးထွက်ရှိတော့မယ့်အကြောင်းကို ပရိသတ်ကိုအသိပေးထားတာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သီချင်းအသစ်လေးဖြစ်တဲ့ သိမ်မွေ့သောကို JOOX အပ်ပလီကေးရှင်းကနေပြီး ပရိသတ်တွေနားဆင်လို့ရနေပြီလည်း ဖြစ်ပါတယ်။ ဒီသီချင်းလေးကတော့ လူသားအချင်းချင်း စာနာစိတ်တွေ မေတ္တာတရားတွေထားဖို့ကို သီဆိုထားတာလည်း ဖြစ်ပါတယ်။


သိမ်မွေ့တဲ့ချစ်ခြင်းမေတ္တာတွေ လူတစ်ယောက်နဲ့တစ်ယောက်ထားဖို့ကလည်း လက်ရှိကမ္ဘာမှာအရေးကြီးနေတာဖြစ်ပြီး ချမ်းချမ်းတို့ရဲ့သီချင်းလေးကတော့ ပရိသတ်တွေအကြိုက်တွေ့မယ်လို့လည်း ထင်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ သိမ်မွေ့သော ကို နားဆင်ပြီးပြီလားနော်…
Source : ChanChan