စားထားသမျှတွေအတွက် အပြင်းအထန်လေ့ကျင့်ခန်းလုပ်နေပြန်တဲ့ မိစန္ဒီ

ပရိသတ်အချစ်တော်မိစန္ဒီကတော့ အသံချိုချိုလေးနဲ့ သီချင်းကောင်းတွေကို သီဆိုလေ့ရှိသူဖြစ်ပြီး ပရိသတ်တွေရဲ့ခံစားချက်တွေနဲ့ထပ်တူကျတဲ့သူတစ်ယောက်ပါ။ လက်ရှိအချိန်မှာလည်း မြန်မာနိုင်ငံရဲ့နာမည်ကြီးအဆိုတော်တစ်ယောက်အဖြစ်ရပ်တည်နေတာဖြစ်ပြီး သီချင်းတွေတစ်ပုဒ်ပြီးတစ်ပုဒ်ဖန်တီးနေသူတစ်ယောက်ပါ။


မိစန္ဒီကတော့ ပြည့်ပြည့်လေးနဲ့ချစ်စရာကောင်းပေမဲ့ အခုတော့ ဝိတ်ချနေတဲ့ပုံပါပဲ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ လေ့ကျင့်ခန်းလုပ်နေတဲ့ပုံလေးတွေနဲ့အတူ “ထူးထူးဆန်းဆန်းပုံလေးတွေ.. ဒီလိုပုံ မမြင်ဖူးဘူး မှတ်လား?? Gym ဆိုရင် သွားတဲ့လမ်းမှာတင် ပျောက်ပျောက်ပြီး မရောက်ဖြစ်လို့.. အခုဆို gym ကြီး အိမ်ရောက်လာတော့ ထွက်ပြေးလို့ မရတော့ဘူး …စတာပါ teacher.. ဝက်တစ်ကောင်ကို ချော့ချော့ပြီး စိတ်ရှည် လက်ရှည် train ပေးတာ ကျေးဇူးပါ ။ အစားတော့ မလျော့နိုင်တာလည်း ခွင့်လွှတ်ပေးပါ Hee hee” ဆိုပြီးတော့ ရေးသားထားတာပါ။


မိစန္ဒီကတော့ မကြာသေးခင်က “အသဲကွဲအပေအတေ” ၊”ရုပ်ချောသော်လည်းတစ်ယောက်တည်”း စတဲ့တေးသီချင်းလေးတွေလည်း ထွက်ရှိထားတာပါ။ ဒီတစ်ခေါက်သီချင်းအသစ်မှာတော့ အမိုက်စားကိုယ်လုံးလေးနဲ့မြင်တွေ့ရတော့မယ်ထင်ပါရဲ့ ပရိသတ်ကြီးရေ…


Source : MiSandi