မိခင်ကြီး (၃)လပြည့်အတွက်ရည်စူးပြီး ဇီဝိတဒါနသံဃာဆေးရုံးကြီးမှာ အလှူငွေတွေသွားရောက်လှူဒါန်းခဲ့တဲ့ ချောရတနာနဲ့ သန္တာဗိုလ်

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချော ချောရတနာနဲ့ မော်ဒယ်လ်သရုပ်ဆောင် သန္တာဗိုလ်တို့ ညီအစ်မနှစ်ယောက်ကတော့ ဒီနေ့မှာ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကိုတော့ ဇီဝိတဒါန သံဃာ ဆေးရုံကြီးမှာ သွားရောက် ပြုလုပ်ခဲ့တာဖြစ်ပြီး အလှူငွေ (၃)သိန်းကျင်ကို သွားရောက်လှူဒါန်းခဲ့တာပါ။

ချောရတနာနဲ့ သန္တာဗိုလ်တို့ရဲ့ မွေးမိခင်က လွန်ခဲ့တဲ့ (၃)လက ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ ချောရတနာတို့ ညီအစ်မ နှစ်ယောက်က မိခင်ကြီး(၃)လပြည့်အတွက် ရည်စူးပြီး ဇီဝိတဒါနသံဃာဆေးရုံကြီးမှာ ဘက်စုံထာဝရ ငွေပဒေသာပင် အလှူငွေ(၃)သိန်းကျပ်ကို သွားရောက်လှူဒါန်းခဲ့တာပါ။ အခုလိုသွားရောက်လှူဒါန်းခဲ့တဲ့ အကြောင်းကိုတော့ သန္တာဗိုလ်က သူ့ရဲ့My Story ကနေ ဂုဏ်ပြုမှတ်တမ်းလွှာလေးနဲ့အတူဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ ချောရတနာနဲ့ သန္တာဗိုလ်တို့ ညီအစ်မနှစ်ယောက်ရဲ့ မိခင်ဖြစ်သူ (၃)လပြည့်အတွက်ရည်ရွယ်ပြီး လှူဒါန်းတဲ့ အလှူဒါနလေးကို CeleGabar ပရိသတ်ကြီးတွေလည်း သာဓုခေါ်ဆိုလို့ရအောင်မျှဝေဖော်ပြပေးလိုက်ပါတယ်။ CeleGabar ပရိသတ်ကြီးတွေ သာဓုခေါ်ဆိုပေးသွားခဲ့ကြပါဦး နော်။

Chilli – CeleGabar
Source – Thandar Bo