ရိုက်ကူးရေးလုပ်ရင်း ခြေထောက်ထိခိုက်ဒဏ်ရာရခဲ့တဲ့ အားတီ

ဂီတကိုချစ်မြတ်နိုးတဲ့ လူငယ်တော်တော်များများရဲ့ အချစ်တော်ဖြစ်လာသူ အားတီကတော့ ဆန်းသစ်တဲ့အနုပညာဖန်တီးမှုတွေကြောင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိလာသူတစ်ယောက်ပါ။ သူ့ရဲ့နောက်ပိုင်းထွက်ရှိလာတဲ့ သီချင်းတွေဟာဆိုရင်လည်း JOOX မှာအမြဲနံပါတ်တစ်ဖြစ်နေအောင် အောင်မြင်နေတဲ့သီချင်းကောင်းတွေဆိုရင်လည်း မမှားပါဘူး။

သီချင်းသံစဉ်နဲ့စာသားတွေကိုသာမက Music Video တွေကိုလည်း အမြဲဆန်းသစ်အောင် ရိုက်လေ့ရှိသူတစ်ယောက်မို့ အားတီရဲ့သီချင်းဖန်တီးမှုတွေက လူငယ်တော်တော်များများ သဘောကျနှစ်သက်နေခဲ့ရတာပါ။ လတ်တလောမှာတော့ သူ့ရဲ့သီချင်းဟောင်းလေးဖြစ်တဲ့ “အိပ်မက်လေး” သီချင်းကို ဗားရှင်းအသစ်နဲ့ပြန်လည်သီဆိုထားပြီး Music Video အတွက် ရိုက်ကူးရေးလုပ်နေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူများမြို့မှာ ရိုက်ကူးရေးလုပ်နေရင်း ခြေထောက်မတော်မဆထိခိုက်ခဲ့ပြီး အရိုးထိသွားကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေလာပါတယ်။

“အလုပ်ကြိုးစား လုပ်နေရင်း ခြေထောက်အရိုးထိသွားတယ် ။ ကိုယ့်မြို့မဟုတ်တဲ့ သူများမြို့မှာ မိသားစုမပါဘဲ ဆေးရုံပြေး ဓါတ်မှန်ရိုက်ရတာ စိတ်အားငယ်စရာပါ … သူများတွေအလုပ်သွားတော့ ကိုယ်တစ်ယောက်တည်း Hotel မှာ ကျန်ခဲ့ရတဲ့ အလုပ်ရှင် ရဲ့ feeling က ဘယ်လိုပြောရမလဲနော် … ဘဝမှာ ပထမဆုံးအကြိမ် ဓါတ်မှန်ရိုက်ဖူးတဲ့ ” အိပ်မက်လေး ” အမှတ်တရ ” ဆိုပြီး မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ… ရောင်ကိုင်းနေတဲ့ခြေထောက်နဲ့ ပါပါးကတော့ တကယ်ကိုစိတ်အားငယ်နေမှာအမှန်ပဲမို့ ပါပါးရဲ့ပရိသတ်တွေအားပေးစကားလေး ပြောခဲ့ပါဦးနော်။


Source – Ar-T

Rainbow- Cele Gabar