မဟာဝိဟာရကျောင်းတိုက်မှာ ကျောင်းမြေအတွက် (၁၁)သိန်းသွားရောက်လှူဒါန်းခဲ့တဲ့ ပိုပို

ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ပိုပိုကတော့ မနေ့က ဇူလိုင်လ (၇)ရက်နေ့မှာ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ လှည်းကူး မဟာဝိဟာရကျောင်းတိုက်မှာ တိုးချဲ့ကျောင်းမြေအတွက် အလှူငွေ ကျပ်(၁၁)သိန်းပရိတ်တွေရဲ့ အချစ်တော် ပိုပိုက ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ပိုပိုရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ပရိသတ်တွေနဲ့ အတူအလှူလေးတစ်ခုကို အတူတကွပြုလုပ်ဖို့ ပရိသတ်တွေကို ပါဝင်လှူဒါန်းပေးကြဖို့ တောင်းဆိုထားခဲ့တာကို ပရိသတ်တွေသတိထားမိမယ်ထင်ပါတယ်။မနေ့ကတော့ ပိုပိုက သူ့ရဲ့ပရိသတ်တွေပါဝင်လှူဒါန်းမှုနဲ့ ရရှိလာတဲ့ ဒီအလှူငွေ (၁၁)သိန်းကို သွားရောက်လှူဒါန်းခဲ့တာပါ။

CeleGabar ပရိသတ်ကြီးရေ ပိုပိုကတော့ လိုအပ်တဲ့ နေရာတွေမှာ လိုအပ်တာတွေကို တတ်နိုင်သလောက် လှူဒါန်းပေးတတ်တဲ့ စိတ်ဓာတ်လေးကတော့ ချီးကျူးထိုက်တဲ့ စိတ်ထားလေးပါပဲနော်။ CeleGabar ပရိသတ်ကြီးတွေလည်း ပိုပို့ရဲ့ပရိသတ်တွေနဲ့ စုပေါင်းလှူဒါန်းတဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Chilli – CeleGabar
Source – ဝတ်ရည်မိုး

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …