မင်္ဂလာပွဲမှာဆိုခဲ့ဖူးတဲ့ သီချင်းလေးအကြောင်းကို ပြန်လည်မျှဝေလာတဲ့ စန္ဒီမြင့်လွင်

ရက်ပါအဆိုတော်တစ်ယောက်ဖြစ်တဲ့ စန္ဒီမြင့်လွင်ကတော့ ပရိသတ်တွေချစ်ခင်အားပေးရတဲ့အနုပညာရှင်တွေထဲကတစ်ယောက်ပါ။ လက်ရှိအချိန်မှာမိသားစုဘဝလေးနဲ့ဖြစ်နေပြီး သမီးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတာပါ။ စန္ဒီမြင့်လွင်ကတော့ သူ့ရဲ့မင်္ဂလာပွဲမှာလည်းသီဆိုခဲ့ဖူးသလို အင်္ဂလိပ်လိုသီဆိုခဲ့ဖြစ်တဲ့ သီချင်းတစ်ပုဒ်အကြောင်းကို ပရိသတ်တွေကိုမျှဝေလာတာပါ။

သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “Long Way To Go”
အမှတ်တရ အနေနဲ့ Rap အကုန်လုံးကို English လို ဆိုထားတဲ့ သီချင်းပါ။ မတူညီတဲ့ ခံစားချက်တွေနဲ့ ပရိတ်သတ်တွေကြားမှာ ဒီးဒီတို့လို ပရိတ်သတ်ကို ဖျော်ဖြေတဲ့သူတွေအနေနဲ့ မတူညီတဲ့ ရသတွေကိုပေးနိုင်တဲ့ သီချင်းတွေ ဖန်တီးရပါတယ် ။ အလွမ်းအဆွေးကြိုက်တဲ့ပရိတ်သတ်တွေအတွက် R&B အေးအေးလေးတွေဆိုရသလို အမိုက်စားတွေကိုမှကြိုက်တတ်တဲ့ပရိတ်သတ်တွေအတွက်ကျပြန်တော့ Rap အမိုက်စားတွေ ဆိုရပြန်ပါတယ် ။ ဆိုသမျှကိုတော့ ကိုယ်တိုင်သေချာကြိုက်ပြီဆိုမှ ဆိုခဲ့တာပါ။ဆိုခဲ့ဖူးသမျှ သီချင်းတိုင်းကတော့ အမှတ်တရတွေချည်းပါပဲ။ ဖန်တီးတဲ့နေရာမှာလည်း ပရိတ်သတ်ကြိုက်ဖို့ရယ်၊ ဆိုတဲ့ကိုယ်ကိုယ်တိုင်လည်း ကြိုက်ဖို့ရယ် ဆိုတဲ့အချက်တွေကို အဓိကထားပြီး ဖန်တီးဖြစ်ပါတယ်။

ကိုယ့်လိုင်းထဲက ကိုယ်ဆိုနေကျပုံစံထဲက ချော်မထွက်အောင်လည်း ဂရုစိုက်ရပါတယ်။ ဒီသီချင်းလေးကိုတော့ ဒီးဒီကိုယ်တိုင်လည်း တကယ်ကြိုက်တယ်။ အမှတ်တရလည်း တကယ်ဖြစ်ခဲ့ပါတယ်။ ကိုဂျေးမီရေးပေးထားတာပါ။ Beat နဲ့ Featuring ကိုတော့ Chris Brown တို့နဲ့ တူတူတွဲအလုပ်လုပ်နေတဲ့ နိုင်ငံခြားက Musician တစ်ယောက်ဖြစ်တဲ့ Corbett က တီးတာရော၊Featuring ဆိုတာရောကို တကယ်စေတနာပါပါနဲ့ ကူညီပေးထားတာပါ။ မှတ်မှတ်ရရအနေနဲ့ ဒီးဒီ မင်္ဂလာဆောင်တုန်းက ဒင်နာပါတီမှာ သတို့သမီးဝတ်စုံ(Dinner Dress)နဲ့ စင်ပေါ်မှာ ဆိုခဲ့ဖူးသေးတယ်။” ဆိုပြီးတော့ ရေးထားတဲ့အပြင် သီချင်းလေးကိုပါ ပြန်လည်မျှဝေခဲ့တာပါ။

စန္ဒီမြင့်လွင်ကတော့ သီချင်းတိုင်းကိုအမိုက်စားဖန်တီးတတ်တာဖြစ်ပြီး လူငယ်ပရိသတ်တွေနဲ့အကြိုက်ချင်းထပ်တူကျသူလို့ဆိုနိုင်ပါတယ်။ အခုလည်း အင်္ဂလိပ်လိုဆိုထားတဲ့ အမှတ်တရသီချင်းလေးကို ပရိသတ်ကိုပြန်လည်မျှဝေလိုက်ပါတယ်နော်…
Source : SandyMyintLwin

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …