ရဲဘော်လေးတွေရှိတဲ့ နယူးယောက်ကို ပြန်သွားပြီဖြစ်တဲ့ နိုင်နိုင်း

ပရိသတ်ကြီးရေ နိုင်နိုင်းကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ဆယ်စုနှစ် နှစ်ခုတိုင်အောင် အောင်မြင်မှုနဲ့ ပရိသတ်အားပေးချစ်ခင်မှုကို ထိန်းသိမ်းထားနိုင်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ နိုင်နိုင်းကမိသားစုနဲ့ အတူ နယူးယောက်မှာနေထိုင်နေတာဖြစ်ပြီး အနုပညာအလုပ်တွေကိုလုပ်ကိုင်ချိန်မှာတော့ မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်လေ့ရှိပါတယ်။

နိုင်နိုင်းကတော့ ပြီးခဲ့တဲ့ လအနည်းငယ်လောက်ကနေစပြီး အနုပညာအလုပ်တွေနဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေခဲ့ပါသေးတယ်။ သို့ပေမဲ့ ဒီနေ့ဇူလိုင်လ (၉)ရက်နေ့မှာတော့ မြန်မာနိုင်ငံကနေ မိသားစုတွေရှိတဲ့ နယူယောက်ကို ပြန်လည်ထွက်ခွာသွားခဲ့ပါပြီ။ နယူယောက်ကို ပြန်လည်ထွက်ခွာသွားတဲ့ အကြောင်းကို “ရဲဘော်လေးများဆီသို့” ဆိုပြီး လေဆိပ်ဆင်းနေတဲ့ ပုံလေးတွေနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေကို နယူးယောက်ကိုပြန်သွားတဲ့ အကြောင်း အသိပေးထားတာပဲဖြစ်ပါတယ်။

နယူးယောက်ကို ပြန်သွားတဲ့ အကြောင်းလေးနဲ့ အတူ မြန်မာပြည်မှာကျန်ခဲ့တဲ့ ပရိသတ်တွေ စိတ်ချမ်းသာတဲ့ နေရက်တွေကို ပိုင်ဆိုင်ပါစေလို့လည်းဆုတောင်းပေးထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ နိုင်နိုင်းကတော့ မြန်မာနိုင်ငံကနေ ရဲဘော်လေးတွေရှိတဲ့ ဆီကို ပြန်သွားခဲ့ပါပြီနော်။

Chilli – CeleGabar
Source – Actor 99