ပရိသတ်တွေကို အပျင်းပြေ ချဲလန့်လေးခေါ်လိုက်တဲ့ အေးသောင်း

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချော အေးသောင်းကတော့ လတ်တလောမှာ ပရိသတ်တွေကို ချဲလန့်လေးတစ်ခုခေါ်လိုက်ပါတယ်။ အခုလို Covid ကြောင့် Stay Home ကာလမှာ ပရိသတ်တွေလည်း အပျင်ပြေစေဖို့ ရည်ရွယ်ပြီးတော့ အေးသောင်းက အခုလို ချဲလန့်လေးကို အပျော်သဘောနဲ့ ခေါ်ခဲ့တာပဲဖြစ်ပါတယ်။

ချဲလန့်လေးကတော့ (၁၀)စက္ကန့်အတွင်းလုပ်ရမယ့် ချဲ့လန့်လေးဖြစ်ပြီး မအေးသောင်းလို ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့ သူတွေအတွက်တော့ အဆင်ပြေတဲ့ ချဲလန့်လေးတစ်ခုပါပဲ။ ချဲလန့်လေးထဲမှာ (၁၀)စက္ကန့်အတွင်း ရိုက်တဲ့ ပုံတွေကို စုပြီးတင်ပေးရမှာဖြစ်ပါတယ်။ မအေးသောင်းကိုယ်တိုင်ကလည်း (၁၀)စက္ကန့်အတွင်းရိုက်ကူးထားတဲ့ ပုံလေးတွေကို စုကာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “(၁၀)စက္ကန့် ချဲလန့်လုပ်ရဲလား” လို့ ချဲလန့်လေး ခေါ်ထားတာပဲဖြစ်ပါတယ်။

ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့ ပရိသတ်တွေအတွက်တော့ မအေးသောင်းရဲ့ ချဲလန့်လေးက တော်တော်လေးကို သဘောကျစရာကောင်းတဲ့ ချဲလန့်လေးတစ်ခုပါပဲနော်။ CeleGabar ပရိသတ်ကြီးတွေထဲက ဓာတ်ပုံရိုက်ဝါသနာပါတဲ့ ပရိသတ်ကြီးတွေ မအေးသောင်းရဲ့ ချဲ့လန့်လေးကို ပါဝင်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ် ပရိသတ်ကြီးရေ။

Chilli – CeleGabar
Source – Aye Thaung