မွေးနေ့အလှူလေးပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ သုတအောင်

ပရိသတ်ကြီးရေ မနက်ဖြန် ဇူလိုင်လ (၁၀)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသာချောလေး သုတအောင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်တော် သုတအောင်ကတော့ မနက်ဖြန်မှာ ကျရောက် လာမယ့် မွေးနေ့ရက်လေးအတွက် အလှူလေးပြုလုပ်ဖို့ပြင်ဆင်နေခဲ့ပါတယ်။

ဒီနှစ်မွေးနေ့ရက်လေးမှာတော့ သုတအောင်က အသက် (၂၇)နှစ်ုကည့်မြောက်မှာဖြစ်ပြီး မွေးနေ့အလှူလေးအနေနဲ့ တကယ်လိုအပ်နေတဲ့ နေရာတွေမှာ ဆန်၊ ဆီ၊ ကြက်သွန်နီ စတဲ့ အခြေခံစားသောက်ကုန်တွေကို လှူဒါန်းပေးသွားမှာပဲဖြစ်ပါတယ်။သုတအောင်ကတော့ မနက်ဖြန်မွေးနေ့ရက်လေးမှာ လှူဒါန်းဖို့ အလှူပစ္စည်းတွေကို ပြင်ဆင်နေချိန်မှာလည်း ပရိသတ်တွေသိရှိရအောင် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ Live လွှင့်ပေးခဲ့ပါသေးတယ်။

မွေးနေ့အလှူလေးကိုတော့ သုတအောင်က ရွှေပြည်သာ၊ (၆၂)ကွင်း၊ (၁၈)ရပ်ကွက် ဧရာမြေမှာရှိတဲ့ အိမ်ထောင်စု (၂၁၀)အတွက်ကို လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ သုတအောင်ကတော့ သူ့ရဲ့လှူဒါန်းမှုတွေပြုလုပ်မယ့် အလှူလေးကို သူ့ရဲ့ပရိသတ်တွေလည်း လာရောက်ကူညီပေးဖို့ ဖိတ်ခေါ်ထားပါသေးတယ်။

Chilli – CeleGabar
Source – Thu Ta Aung