ကဗျာဆန်ဆန်ညနေခင်းလေးရဲ့Anniversary dinner လေးကိုမျှဝေလာတဲ့ ရွှေထူးနဲ့ရွှေမှုံရတီ

ရွှေထူးနဲ့ရွှေမှုံရတီကတော့ ပရိသတ်တွေချစ်ခင်ရတဲ့အနုပညာရှင်စုံတွဲတစ်တွဲဖြစ်ပြီး အခြားသူတွေအားကျရလောက်အောင်ချစ်တဲ့စုံတွဲလေးလည်း ဖြစ်ပါတယ်။ သူတိုနှစ်ဦးကတော့ အမှတ်တရနေ့တွေမှာ အမှတ်တရအဖြစ်အပျက်လေးတွေနဲ့ အချိန်တွေကိုကုန်ဆုံးတတ်စေတာလည်း ဖြစ်ပါတယ်။ အခုလည်း ကဗျာဆန်ဆန်ညနေခင်းလေးရဲ့Anniversary dinner ကိုမျှဝေလာတာပါ။


ရွှေမှုံရတီကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “Anniversary dinner လေးက အရမ်းပြီးပြည့်စုံခဲ့တယ်..အချိုပွဲတွေက စားကောင်းလွန်းတယ်… Thx u for everything” ဆိုပြီးတော့ ရေးသားထားပြီး ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်ကို မျှဝေလာတာပါ။ သူတို့နှစ်ဦးကတော့ Anniversary နေ့လေးမှာလည်း ကြည်နူးစရာညချမ်းလေးကို ကုန်ဆုံးစေခဲ့ပြီး ပရိသတ်တွေကိုလည်း ကြည်နူးအားကျစေခဲ့ပါတယ်။


ဒါ့အပြင်ဒီနေ့မှာလည်း နှစ်ယောက်အတူဖန်တီးထားတဲ့ သီချင်းအသစ်ဖြစ်တဲ့ မိုးစက်များကပြောသော ဆိုတဲ့သီချင်းကိုထွက်ရှိမဲ့အကြောင်းကိုလည်း အသိပေးထားပါသေးတယ်။ ပရိသတ်ကြီးရေ ရွှေထူးနဲ့ရွှေမှုံရတီရဲ့ Anniversary dinner လေးကတော့ အရမ်းပြီးပြည့်စုံခဲ့ပါတယ်တဲ့နော်….
Source : ShweMhoneYati