မွေးနေ့မှာ မိသားစုနဲ့အေးအေးချမ်းချမ်းဖြတ်သန်းရတာ ပိုပီတိဖြစ်ပါတယ်ဆိုတဲ့ မိုးယုစံ

မိုးယုစံကတော့ ချောမောလှပတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ မင်းသမီးတစ်လက်ပါ။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေနဲ့ အလှမ်းကွာဝေးနေပေမယ့်လည်း အမာခံပရိသတ်တွေရဲ့အားပေးမှုကို ယနေ့ထက်တိုင်ရရှိနေစဲပါ။

မနေ့ကတော့ မိုးယုစံရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး မွေးနေ့မှာ နောက်ထပ်ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း သတင်းကောင်းလေးကို ပရိသတ်ကိုမျှဝေခဲ့ပါသေးတယ်။ ဒါ့အပြင် မိုးယုကတော့ သူ့ရဲ့မွေးနေ့တစ်ရက်တာဖြတ်သန်းမှုလေးကိုလည်း ” မွေးနေ့ တစ်နေ့တာဖြတ်သန်းမှုလေးပါ အသက်ကြီးလာတာနဲ့အမျှ မွေးနေ့ဆိုတာကို မိသားစုနဲ့အေးအေးချမ်းချမ်းလေးဖြတ်သန်းရတာကိုပိုပြီး ပီတိဖြစ်မိပါတယ် ဒီနှစ်မွေးနေ့လေးကတော့ ပိုပီး ပျော်ရပါတယ် ဘာလဲမေးနေတဲ့သူတွေ.. <ရာထူးတိုးသွားလို့ပါ>” ဆိုပြီး မျှဝေဖော်ပြခဲ့ပါတယ်။

ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်နေပြီဖြစ်တဲ့မိုးယုစံကတော့ အသက်ငယ်တုန်းကလို မွေးနေ့ကိုပျော်စရာတွေနဲ့ဖြတ်သန်းမယ့်အစား မိသားစုစုံစုံလင်လင်နဲ့ ကုသိုလ်ကောင်းမှုလုပ်ရတာကို ပိုပြီးသဘောကျလာကြောင်း မျှဝေခဲ့တာဖြစ်ပြီး သူ့ရဲ့မွေးနေ့ရက်လေးမှာတော့ သံဃာတော်နဲ့သီလရှင်တွေကို ဆွမ်းကပ်လှူခဲ့တဲ့အပြင် မိသားစုကိုပဲ အချိန်ပေးပြီး မွေးနေ့ရက်လေးကိုဖြတ်သန်းခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ..

Source – Moe Yu San
Rainbow- Cele Gabar