မွေးနေ့အလှူအဖြစ် ရှင်ဥပဂုတ္တမထေရ်ကျောင်းဆောင်လှူဒါန်းပေးပြီး ရွှေမိုးငွေမိုးရွာပေးခဲ့တဲ့ ဂျွန်လွင်

လာမယ့် ဇူလိုင်လ(၁၅) ရက်လေးကတော့ မြန်မာနိုင်ငံရဲ့မော်ဒယ်လ်ဖခင်ကြီးဂျွန်လွင်ရဲ့ အသက်(၅၃) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဂျွန်လွင်ကတော့ မကြာသေးခင်ကမှ ဒီနှစ်မွေးနေ့လေးအတွက် မွေးနေ့အကြိုလက်ဆောင်အဖြစ် ဒေါ်လာတစ်သောင်းလက်ဆောင်ရရှိခဲ့ပါသေးတယ်။

(၅၃) နှစ်ပြည့်မွေးနေ့အလှူလေးအဖြစ် ရှင်ဥပဂုတ္တမထေရ်ကျောင်းဆောင်ကြီးကို မိသားစုနဲ့အတူ စုပေါင်းလှူဒါန်းခဲ့ရာမှာ သူ့ရဲ့အလှူအဖြစ် ငွေကျပ်သိန်း(၁၅၀) ကို ပါဝင်လှူဒါန်းခဲ့ပြီး ဒီနေမှာတော့ ကျောင်းဆောင်ရေစက်ချ အလှူမင်္ဂလာပွဲလေးကို ပြုလုပ်ခဲ့ပါတယ်။ ကြွရောက်လာတဲ့ဧည့်သည်တွေအတွက် ရွှေမိုးငွေမိုးရွာသွန်းပေးရာမှာတော့ ဂျွန်လွင်က ငွေသားအပြင် သူ့ရဲ့တန်ဖိုးကြီးစိန်နားကပ်၊စိန်လက်စွပ်နဲ့ ဒေါ်လာတွေပါထည့်သွင်းပြီး ကြဲပေးခဲ့ပါတယ် ပရိသတ်ကြီးရေ…

လိုအပ်နေတဲ့နေရာတိုင်းကို လက်မနှေးကူညီကာ အကြင်နာတရားထွန်းကားရေးကို ရှေးရှုပြီးအလှူအတန်းတွေမကြာခဏ ပြုလုပ်နေတဲ့ဂျွန်လွင်ကတော့ ဒီနေ့မှာလည်း (၅၃) နှစ်ပြည့်မွေးနေ့အလှူလေးအဖြစ် ရှင်ဥပဂုတ္တမထေရ်မြတ်ကျောင်းဆောင်ကို လှူဒါန်းပေးခဲ့ကြောင်း မျှဝေပေးခဲ့တာမို့ သာဓုခေါ်ပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ..

Source – John Lwin
Rainbow- Cele Gabar