ဟင်္သာတမြို့ ခိုလှုံရာ ခိုကိုးရာမဲ့ဘိုးဘွားရိပ်သာမှာ တစ်နေ့တာအာဟာရလှူဒါန်းပေးခဲ့တဲ့ စံရတီမိုးမြင့်

စံရတီမိုးမြင့်ကတော့ ဆွဲဆောင်မှုရှိတဲ့မျက်ဝန်းအိမ်နဲ့ နှုတ်ခမ်းဖူးဖူးလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်ပါ။ သွယ်လျလှပတဲ့ခန္ဓာကိုယ်နဲ့ ချစ်စဖွယ်စကားပြောဟန်တို့ကြောင့် အမျိုးသားပရိသတ်တွေသာမက အမျိုးသမီးပရိသတ်တွေရဲ့ဝန်းရံအားပေးခြင်းကိုပါ ရရှိထားသူတစ်ယောက်ပါ။

မကြာခဏဆိုသလို သူ့ရဲ့တစ်နေ့တာဖြတ်သန်းမှုအချိန်တွေမှာ Facebook Live လွှင့်ကာ ပရိသတ်နဲ့ရင်းရင်းနှီးနှီးစကားပြောဆိုလေ့ရှိတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ သဲကတော့ ဒီနေ့မှာလည်း သူလုပ်ဖြစ်ခဲ့တဲ့အလှူလေးကို ပရိသတ်တွေသာဓုခေါ်ဆိုနိုင်ဖို့ လူမှုကွန်ရက်စာမျက်နှာထက်မှာ မျှဝေခဲ့ပါတယ်။ ဟင်္သာတမြို့မှာရှိတဲ့ ခိုလှုံရာခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာမှာ ဘိုးဘွားများအတွက် တစ်နေ့တာအာဟာရ (မနက်၊နေ့လည်၊ညစာ) အပြင် ညလယ်စာ အဆာပြေပေါက်စီ ကျွေးမွေးလှူဒါန်းခြင်းအတွက် အလှူငွေ( ၂၃၄၀၀၀) ကို လှူဒါန်းပေးခဲ့ပြီး သူ့ရဲ့အလှူလေးအတွက်

“ဤ ကုသိုလ် ကောင်းမှု အစုစု တို့အား (၃၁) ဘုံ ကျင်လည်ကုန်သော ဝေနေယျ သတ္တဝါအပေါင်းတို့အား မေတ္တာ ပို့သ အမျှပေးဝေပါ၏… အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့… သာဓု သာဓု သာဓု…ဤကောင်းမှုသည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်ပါစေသတည်း” ဆိုပြီးတော့ အမျှပေးဝေခဲ့ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ မွန်မြတ်လှတဲ့ သဲရဲ့အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ပါဦးနော်။


Source – San Yati Moe Myint
Rainbow- Cele Gabar