အကြမ်းစားပုံဖော်ထားတဲ့ ရွှေထူးနဲ့ရွှေမှုံတို့ရဲ့ “မိုးစက်များကပြောသော” Offical Music video

မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တွေထဲက အပါအဝင်ဖြစ်တဲ့ ရွှေထူးနဲ့ရွှေမှုံရတီတို့ကတော့ ရွှေနှစ်ရွှေစုံတွဲဆိုပြီး ပရိသတ်အားပေးချစ်ခင်မှုကို ရရှိထားသူတွေပါ။ အဆိုတော်တစ်ယောက်အနေနဲ့ အဓိကရပ်တည်ခဲ့တဲ့ရွှေထူးကတော့ သရုပ်ဆောင်ပိုင်းဘက်ပါ ကူးပြောင်းလာသလို ချစ်ဇနီးလေးရွှေမှုံနဲ့ သီချင်းတွေအတူတူဖန်တီးပြီးတော့ ပရိသတ်ကိုချပြဖို့ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

သူတို့နှစ်ယောက်စုံတွဲသီဆိုခဲ့တဲ့ “အမှား” သီချင်းလေးဟာဆိုရင်လည်း ပရိသတ်ကြားမှာ ရေပန်းစားခဲ့ပြီး ဒီတစ်ခေါက်မှာတော့ “မိုးစက်များကပြောသော ” သီချင်းလေးကို ထပ်မံချပြခဲ့ပါတယ်။ ဒီသီချင်းလေးကတော့ အရမ်းချစ်ကြပေမယ့် ရန်ဖြစ်ရင်လည်း အရမ်းကြမ်းကြမ်းတမ်းတမ်းဖြစ်တတ်ကြတဲ့ စုံတွဲတွေရဲ့ အကြောင်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းက မျှဝေခဲ့တဲ့ ဒီ Music Video ရဲ့ Teaser လေးကိုတောင် (၂၄) နာရီမပြည့်ခင်မှာ 1 Million View ရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

ဒီနေ့မှာတော့ ဒီသီချင်းလေးရဲ့ Music Video တစ်ပုဒ်လုံးကို ရွှေထူးရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တဆင့်မျှဝေခဲ့ပါတယ်။ အမိုက်စားပုံဖော်ရိုက်ကူးထားတဲ့အပြင် ရွှေမှုံရဲ့အသံအေးအေးလေးကို လွမ်းနေကြမယ့် ပရိသတ်ကြီးအတွက် မိုးအေးအေးနဲ့ဖီးလ်လို့ ရမှာအမှန်ပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Shwe Htoo
Rainbow- Cele Gabar