ဟာသလူရွှင်တော်ကြီး ဦးမန်းဝင်း ဒီနေ့မနက်မှာပဲ ဆုံးပါးသွား

ပရိသတ်ရဲ့အချစ်တော် ဟာသလူရွှင်တော်ကြီးဦးမန်းဝင်းကတော့ ဒီနေ့မနက်မှာပဲ ဆုံးပါးသွားပြီလို့ သိရပါတယ်။ သူကတော့ လွန်ခဲ့တဲ့လပိုင်းကတည်းက ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ်ခွဲစိတ်ကုသမှု ခံယူခဲ့ရသူပါ။

ခွဲစိတ်မှုအပြီးမှးာ ရက်အနည်းငယ် ပြန်လည်နိုးမထလာနိုင်တာကြောင့် မိသားစုဝင်တွေနဲ့ ပရိသတ်တွေပါ စိတ်ပူခဲ့ကြရပြီး အခုရက်ပိုင်းအတောအတွင်းမှာ ပြန်လည်နလန်ထူ ကျန်းမာရေးကောင်းမွန်လာသူပါ။ ဒါပေမယ့် ဒီနေ့မနက်(၆.၃၀) မှာတော့ ပင်လုံဆေးရုံကြီးမှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သမီးဖြစ်သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…

ပရိသတ်ကြီးရေ.. လွန်ခဲ့တဲ့ ရက်ပိုင်းက ပဲ ဦးဇင်းကျော်ဟိန်းပျံလွန်တော်မူတာကြောင့် ပရိသတ်တွေစိတ်မကောင်းဖြစ်ရသလို ဒီနေ့မှာလည်း ဦးမန်းဝင်းဆုံးပါးသွားတဲ့သတင်းက ထပ်ပြီးစိတ်မကောင်းဖြစ်ရအောင် လုပ်လိုက်သလိုပါပဲနော်။ အချိန်တွေအကြာကြီး ပရိသတ်ဘဝအမောတွေပျော်အောင် ဖျော်ဖြေပေးခဲ့တဲ့ ဦးမန်းဝင်းတစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


Source – Kyi Phyu Mann Win
Rainbow- Cele Gabar