ဖြူဖြူထွေးက လူတိုင်းမလုပ်နိုင်တဲ့အလုပ်ကို လုပ်နေတာပါလို့ ချီးကျူးလိုက်တဲ့ ဦးကောင်းကျော်

အခြေခံလူတန်းစားတွေအတွက် ကြီးမားတဲ့ရိုက်ခတ်မှုကြီးဖြစ်ခဲ့တဲ့ ကိုဗစ်ကာလမှာ မေတ္တာတရားနဲ့လက်လှမ်းမှီသလောက် ကူညီပေးနေသူကတော့ ဖြူဖြူထွေးပါ။ နေ့စဉ်ရက်ဆက်ဆိုသလို သက်ကြီးရွယ်အိုတွေသာမက စည်ပင်ဝန်ထမ်း၊ အလုပ်ကြမ်းသမားနဲ့ ဆိုက်ကားသမားပါမကျန် အလှူဒါနပြုလုပ်ပေးနေသူပါ။

ဒါ့အပြင် သူရိုက်ရတဲ့ကြော်ငြာလေးတွေမှာလည်း ခက်ခဲနေတဲ့ဇာတ်ပို့ဇာတ်ရံတွေကိုပါ ထည့်သုံးပြီး ကူညီပေးလေ့ရှိသူမို့ ပရိသတ်တွေက လေးစားချစ်ခင်နေရသူဆိုရင်လည်း မမှားပါဘူး။ မကြာသေးခင်က ဖြူဖြူထွေးရဲ့ကြော်ငြာတစ်ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ဦးကောင်းကျော်ကတော့ ဖြူဖြူထွေးနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အခုလိုပြောပြခဲ့ပါတယ်။ ” ဖြူဖြူထွေးက အစပိုင်းတုန်းကတော့ ဦးတို့လည်း ကြည့်ရတာ တမျိုးဖြစ်တာပေါ့နော်… ဒါပေမယ့် နောက်ပိုင်းသူရွေးချယ်မှုမှန်ကန်သွားတယ်.. သူစပြီး လူသိတဲ့ပုံစံမျိုးမသွားတော့ဘဲနဲ့ မေတ္တာတွေရအောင် သူယူပလိုက်တာ… အဲ့ဒါသူ့ရဲ့စွမ်းအားပဲ..အဲ့အတွက်သူ့ကို လေးစားတယ်.. ချစ်တယ်.. ကလေးမလေးက ဖြူလည်း ဖြူစင်တယ်…

ဦးကောင်းကျော်တို့ဖြတ်သန်းခဲ့တဲ့ အနုပညာခရီးလမ်းမှာပေါ့နော် သူကလူတိုင်းမလုပ်နိုင်တဲ့အလုပ်ကို သူလုပ်တယ်ပေါ့နော်… ဘာမာနမှလည်း မတွေ့ရဘူး.. ဒါမျိုးကလုပ်ချင်တိုင်းလည်း လုပ်လို့မရဘူး… ကိုယ့်ထက်ငယ်သော်လည်း သူ့ကိုလေးစားတယ်.. လူတိုင်းမလုပ်နိုင်တဲ့အရာကိုလုပ်တယ်.. ဒါမျိုးကလည်း လုပ်နိုင်တဲ့အခွင့်အရေး ကိုယ့်မှာရှိမှရတာ… အဲ့လိုအခွင့်အရေးတွေရခဲ့ပြီး မလုပ်ခဲ့တဲ့သူတွေလည်း အများကြီးရှိတယ်.. ကိုယ့်အတွက်ပဲကိုယ်သုံးတယ်.. သူများကိုမကြည့်တဲ့သူတွေရှိတယ်.. သူကတော့ အဲ့လိုမဟုတ်ဘူး” ဆိုပြီး ဖြူဖြူထွေးနဲ့ပတ်သက်တဲ့သူ့ရဲ့ အမြင်လေးကို ဖြေကြားခဲ့တဲ့ ဦးကောင်းကျော်ရဲ့ဗွီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Exclusive on Cele Gabar
Rainbow- Cele Gabar