ဆင်းရဲတဲ့သက်ကြီးရွယ်အိုတွေအတွက် တစ်လတစ်ခါ အလှူလုပ်ပေးသွားမယ့် နေဒွေး

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသားချော နေဒွေးကတော့ လတ်တလောမှာ အသက်ကြီးရွယ်အိုတွေအတွက် အလှူလေးပြုလုပ်သွားဖို့ စီစဉ်နေတဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။ နေဒွေးကတော့ အမြဲတမ်းလိုလို လိုအပ်တဲ့နေရာတွေမှာ လိုက်လံလှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ သူတစ်ယောက်ပါ။

အခုတစ်ခေါက်မှာလည်း နေဒွေးက ရန်ကုန်မြို့အနီးတဝိုက်မှာရှိတဲ့ သားသမီးကျောထောက်နောက်ခံမရှိတဲ့ အဖိုးအဖွား တွေအတွက်ကို တတ်နိုင်သလောက် တစ်လတစ်ခါ လစဉ်ထောက်ပံ့မှုတွေပြုလုပ်ပေးသွားဖို့ အစီအစဉ်ရှိတဲ့ အကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားပြီး တကယ်အကူအညီလိုအပ်နေတဲ့ အဖိုးအဖွားတွေဆက်သွယ်ပေးဖို့ တောင်းဆိုထားပါသေးတယ်။

CeleGabar ပရိသတ်ကြီးရေ နေဒွေးရဲ့ အဖိုးအဖွားတွေကို တစ်လတစ်ခါ တတ်နိုင်သလောက် ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ပေးသွားမယ့် စိတ်ဓာတ်လေးကတော့ တကယ်ကို ချီးကျူးထိုက်တဲ့ စိတ်ထားလေးပါပဲ။ ပရိသတ်တွေရဲ့ ပတ်ဝန်းကျင်မှာ သားသမီးကျော်ထောက်နောက်ခံမရှိတဲ့ ချို့တဲ့တဲ့ အဖိုးအဖွားတွေရှိရင် နေဒွေးကို ဆက်သွယ်ပေးလိုက်ကြပါဦးနော်။

Chilli – CeleGabar
Source – Nay Dway