တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင် ၅၀၀)တွင် အလှူသွားရောက်ပြုလုပ်ခဲ့တဲ့ ခန့်စည်သူ

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသား ခန့်စည်သူကတော့ ဒီနေ့မှာ အလှူလေးတစ်ခုထပ်မံပြုလုပ်ခဲ့တဲ့ အကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။အလှူလေးကတော့ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင် ၅၀၀)မှာ ခန့်စည်သူ ဦးဆောင်တဲ့ မေတ္တာသိင်္ဂဟ အဖွဲ့နဲ့ အတူသွားရောက်ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင် ၅၀၀)ကြီးမှာ တက်ရောက်နေသောလူနာများအတွက် Wheelchair (၁၀)စီး၊ Crutch (၅၀)စုံ၊ Trolley (၁) စီး၊ ပုဆိုးများ၊ သွားတိုက်ဆေးများ၊ ဆပ်ပြာဆီများ၊ လူနာအသုံးအဆောင်ပစ္စည်းများ ၊လူနာတစ်ဦးလျှင်(၅၀၀၀)ကျပ်စီကိုလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် နေ့လည်စာအာဟာရဒါန ဒံပေါက်ထမင်းနှင့် ဒိန်ချဉ်တို့ကို ကျွေးမွေးခဲ့ပြီး တန်ဖိုးငွေ စုစုပေါင်း (၆၉)သိန်း တိတိကိုလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ခန့်စည်သူကတော့ အခုလိုလှူဒါန်းမှုမှာ ပါဝင်လှူဒါန်းပေးခဲ့ကြတဲ့ အလှူရှင်တွေကိုလည်း ကျေးှဇူးတင်ရှိကြောင်းကိုပါဖော်ပြထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ခန့်စည်သူရဲ့ ဒီနေ့မှာ ပြုလုပ်တဲ့ အလှူလေးအတွက်ကို ပရိသတ်တွေလည်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုလို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Chilli – CeleGabar
Source – Kyaw Soe Win