(၃)ရက်အတွင်း ကြည့်ရှုသူ သိန်း(၄၀)ကျော်ခဲ့တဲ့ ရွှေထူးနဲ့ ရွှေမှုံရဲ့ သီချင်းလေး

ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၂)ရက်နေ့တုန်းက ပရိသတ်တွေရဲ့အချစ်တော် ရွှေထူးနဲ့ ရွှေမှုံတို့ အတွဲညီညီသရုပ်ဆောင်ထားတဲ့ “မိုးစက်များကပြောသော” လို့ အမည်ရတဲ့ သီချင်းလေးထွက်ရှိလာခဲ့တာပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။ ဒီသီချင်းလေးကိုတော့ ပရိသတ်တွေနားဆင်ပြီးလောက်မယ်လည်း ထင်ပါတယ်။

ဒီသီချင်းဗီဒီယိုလေကတော့ မထွက်ရှိလာခင် Teaser လေးတင်ဆက်ခဲ့ချိန်ကတည်းက နာရီပိုင်းလေးမှာတင် ကြည့်ရှုသူ (၁၀)သိန်းပြည့်တဲ့ အထိရှိခဲ့အထိအောင်မြင်မှုတွေရရှိခဲ့ပါသေးတယ်။ သီချင်းလေးထွက်ရှိလာချိန်မှာလည်း အောင်မြင်မှုတွေပိုမိုရရှိခဲ့ပြီး ဒီနေ့ ထွက်ရှိလာပြီး (၃)ရက်မြောက်တဲ့နေ့မှာတင် ကြည့်ရှုသူ သိန်း (၄၀)ကျော်တဲ့ အထိရှိနေခဲ့ ပြန်ပါတယ်။

အခုလို (၃)ရက်အတွင်းမှာ ကြည့်ရှုသူ သိန်း (၄၀)ကျော်တဲ့အထိရရှိခဲ့တာကတော့ ရွှေထူးနဲ့ ရွှေမှုံတို့ရဲ့ အောင်မြင်မှုကတော့ ကြောက်ခမန်းလိလိပါပဲနော်။ ရွှေထူးနဲ့ ရွှေမှုံတို့ကလည်း သူတို့ရဲ့ သီချင်းလေးကို ကြည့်ရှုအားပေးကြတဲ့ ပရိသတ် တစ်ယောက်ချင်းစီကို ကျေးဇူးတင်ကြောင်းလည်း သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားပါသေးတယ်။

Chilli – CeleGabar
Source – Shwe Htoo