အခက်အခဲ အတိုက်အခိုက်တွေကြားကနေ သူ့အတွက် အများကြီးကြိုးစားပေးခဲ့တဲ့ မန်နေဂျာကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ နေလင်းကျော်

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးတဲ့အဆိုတော်တစ်ယောက်ဖြစ်လာခဲ့သူ နေလင်းကျော်ကတော့ ပြိုင်ပွဲမဝင်ခင်က လူမှုရေးပြဿနာအချို့ကြောင့် ဝေဖန်တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ကြုံတွေ့ခဲ့ရသူပါ။ အားပေးသူရှိသလို အပုတ်ချသူတချို့ကြောင့်လည်း နေလင်းကျော်ကတော့ ခက်ခက်ခဲခဲရုန်းကန်ခဲ့တယ်လို့ ဆိုရမှာပါ။

ဒီနေ့မှာတော့ ဒီလိုအခက်အခဲတွေကြားကနေ အနုပညာအလုပ်တွေရှေ့ဆက်နိုင်ဖို့ အကောင်းဆုံးကူညီပေးခဲ့တဲ့ သူ့ရဲ့မန်နေဂျာကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ” ကျွန်တော် နဲ့ ကျွန်တော့် မန်နေဂျာ အလုပ်အတူတွဲလုပ်လာတာ Myanmar Idol ပြီးတည်းက အခုဆို (၈) လရှိပြီ… ဒီကြားကာလတွေမှာ အခက်အခဲတွေ အတိုက်အခိုက်တွေကြားထဲကနေ အလုပ်တွေ သီချင်းတွေလည်း ကြိုးစားလုပ်ခဲ့တယ်… ကျွန်တော့်အလုပ်တွေ Case တွေအတွက် အတူကြိုးစားပေးခဲ့လို့ ကျေးဇူးပါ ဂျာကြီးရေ … ရှေ့ဆက်ပြီးတော့လည်း အလုပ်တွေ အများကြီး ဆက်လုပ်ကြတာပေါ့ … Whatever it may be,we’ll keep moving forward …ဒီကြားထဲ လခ တော့ အပြည့်မပေးနိုင်သေးဘူး နောက်မှပဲ အတိုးနဲ့ ပေါင်းယူပေါ့ ဂျာကြီး ရာ” ဆိုပြီး ရေးသားမျှဝေခဲ့ပါတယ်။

အောင်မြင်တဲ့အနုပညာရှင်တိုင်းရဲ့ နောက်ကွယ်မှာ မန်နေဂျာကောင်းတစ်ယောက်ရှိတတ်ကြသလို နေလင်းကျော်ကတော့ တက်သစ်စတစ်ယောက်ဖြစ်ရုံမက အခက်အခဲတွေကြုံတွေ့ခဲ့ရသူမို့ ဒီလိုအချိန်တွေမှာတောင် သူ့အတွက်အကောင်းဆုံးကြိုးစားပေးခဲ့တဲ့ ဂျာကြီးကို ကျေးဇူးတင်စကားဆိုခဲ့တာပဲ ဖြစ်ပါတယ်။


Source – Nay Lin Kyaw
Rainbow- Cele Gabar