မိခင်ရဲ့ မွေးနေ့မှာ မိဘနှစ်ပါးရဲ့ ခြေရာတောင်းခံခဲ့တဲ့ ဖုန်းသီရိကျော်

ပရိသတ်ကြီးရေ ဒီနေ့ ဇူလိုင်လ (၁၅)ရက်နေ့မှာတော့ ပရိတ်တွေရဲ့ အချစ်တော် ဖုန်းသီရိကျော်ကတော့ ကုသိုလ်ရေးတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။ ဒီနေ့ကတော့ ပရိသတ်အချစ်တော်ဖုန်းသီရိကျော်ရဲ့ အမေမွေးနေ့ရက်လေးဖြစ်ပြီး ဒီနေ့မွေးနေ့ရက်လေးမှာတော့ ဖုန်းသီရိကျော်ကတော့ မိဘနှစ်ပါးရဲ့ ခြေရာကို တောင်းယူခဲ့တဲ့ ကုသိုလ်လေးပြုလုပ်ခဲ့ကြောင်း အခုလိုပဲြဖော်ပြလာခဲ့တာဖြစ်ပါတယ်။

“ယနေ့ကုသိုလ်။ မိဘခြေရာ တောင်းယူတဲ့နေ့က မိဘရော သားသမီးတွေပါ မင်္ဂလာရှိတဲ့ မွေးနေ့ မွေးရက်နှင့် မှတ်တမ်းအပ်တဲ့နေ့တွေမှာလုပ်ရင်ပိုကောင်းတယ်လို့သိရတဲ့အတွက် ဒီနေ့ မေမေ့မွေးနေ့မှာ မိဘနှစ်ပါးရဲ့ခြေရာတောင်းယူပြီး ပုံတူသွင်းဖို့ ခြေရာမိုရ်ယူခဲ့ပါတယ်။ ” လို အမှတ်တရလေးအဖြစ် ဖော်ပြတာဖြစ်ကြောင်းလည်း ဆိုထားပါသေးတယ်။

ပရိသတ်တွေကတော့ ဖုန်းသီရိကျော်ရဲ့ မိခင်ဖြစ်သူမွေးနေ့ကျရောက်တဲ့ ရက်မြတ်လေးမှာ ပြုလုပ်ခဲ့တဲ့ ဒီကုသိုလ်လေးကြောင့် ဖုန်းသီရိကျော်ကို ချီးကျူးနေကြပါသေးတယ်။မိခင်ရဲ့မွေးနေ့မှာ မွန်မြတ်လှတဲ့ မိဘခြေရာယူပွဲကို ပြုလုပ်ပြီး ကုသိုလ်ယူခဲ့တဲ့ ဖုန်းသီရိကျော်ကတော့ သမီးအလိမ္မာလေးလို့ ချီးကျူးထိုက်ပါပေတယ်နော်။

Chilli – CeleGabar
Source – Phone Thiri Kyaw