လှည်းကူးရခိုင်စစ်ဘေးရှောင်မိသားစုတွေအတွက် အလှူလေးတစ်ခုပြုလုပ်ဖို့ စီစဉ်နေတဲ့ ဘုန်းလျှံ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် ဘုန်းလျှံကတော့လတ်တလောမှာ အလှူလေးတစ်ခုကိုပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ဘုန်းလျှံကတော့ ပြစ်ဒဏ်တွေကျု ကျခံပြီး လွတ်မြောက်လာချိန်ကစလို့ လိမ်လိမ်မာမာနဲ့ ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ကြိုးကြိုးစားစားလုပ်ကိုင်နေတာလည်း ပရိသတ်တွေ တွေ့မြင်မိမယ်ထင်ပါတယ်။

ဒီနေ့မှာလည်း ဘုန်းလျှံက လှည်ကူးမှာရှိတဲ့ ရခိုင်စစ်ဘေးရှာင် ရခိုင်မိသားစုတွေကို အားပေးစကားတွေသွားရောက်ပြောကြားခဲ့ပြီး အလှူလေးတစ်ခုပြုလုပ်ဖို့ စီစဉ်ခဲ့တဲ့ အကြောင်း ဘုန်းလျှံကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “လှည်းကူးရခိုင်စစ်ဘေးရှောင်ရခိုင်မိသာစုများနဲ့အားပေးစကားပြောရင်းအလှုလုပ်ဖို့စီစဉ်ခဲ့ပါတယ်” လို့ ဖော်ပြလာခဲ့ပါတယ်။

ဘုန်းလျှံကတော့ ဒီနေ့လေးက သူ့အတွက်တော့ အမှတ်တရနေ့လေးတစ်ရက်ဖြစ်ခဲ့တာကြောင့် ဒီနေ့လေးကို အမှတ်ရနေမှာပါတဲ့။ CeleGabar ပရိသတ်ကြီးတွေရေ ဘုန်းလျှံရဲ့ စိတ်ထားလေးကတော့ ဖြူစင်ပြီးမွန်မြတ်လွန်းလှတဲ့ စိတ်ဓာတ်လေးမို့ ချီးကျူးထိုက်တဲ့ စိတ်ဓာတ်လေးပါပဲနော်။

Chilli – CeleGabar
Source – Bhone Hlan