ပရိသတ်တွေ သဘောတွေ့နေကြတဲ့ ချောရတနာတို့မိသားစုရဲ့ ချစ်စဖွယ် Tik Tok လေး

ပရိသတ်အချစ်တော် အကယ်ဒမီ မင်းသမီးချောလေး ချောရတနာကတော့ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေ ခေတ္တရပ်နားထားပြီး ချစ်ရတဲ့ သားသား မီးမီးတို့နဲ့ အတူ မိသားစုကို အချိန်ပေးနေတာပဲဖြစ်ပါတယ် ။ ချစ်စရာ သားလေးနဲ့ သမီးလေးတို့ရဲ့ ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အမြဲလိုလို မျှဝေပေးနေတာပဲဖြစ်ပါတယ် ။

သန္တာဗိုလ် နဲ့ ချောရတနာတို့ ညီအစ်မ နှစ်ယောက်ကတော့ အခုနောက်ပိုင်း Tik Tok လေးတွေ မကြာခဏ ရိုက်ပြီး ပရိသတ်တွေကို မျှဝေပေးနေသလို သူမ မိသားစုရဲ့ နေ့စဉ်ဖြတ်သန်းမှု ပုံရိပ်လေးတွေကို လည်း ပရိသတ်တွေကိုမျှဝေပေးနေခဲ့တာပါ ။ လတ်တလောမှာတော့ tik tok ဆော့တာ ဝါသနာပါတဲ့ မေမေ ချောရတနာတစ်ယောက် သူမရဲ့ ကလေးနှစ်ယောက်နဲ့အတူ ဆော့ထားတဲ့ ချစ်စရာကောင်းတဲ့ Tik Tok လေးတစ်ခုကို မိုင်ဒေးကနေ တဆင့် မျှဝေပေးလာခဲ့ပါတယ် ။

သူမတို့ မိသားစုရဲ့ ချစ်စဖွယ် tik tok လေးကို ပရိသတ်တွေက အရမ်းကိုသဘောကျနေကြပြီး သူမ ရဲ့ tik tok မှာလည်း ချစ်စရာကောင်းတယ်ဆိုတဲ့ မှတ်ချက်တွေ အများကြီးပေးထားကြပါသေးတယ် ။ Cele Gabar ပရိသတ်ကြီးအတွက်လည်း ချောရတနာတို့မိသားစုရဲ့ tik tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Geplaatst door Molly Phyo op Woensdag 15 juli 2020

Source : Chaw Yadanar
Emily (Cele Gabar)