စက်ရုပ်တစ်ရုပ်လိုခံစားချက်တွေ မဲ့ဖို့ဆုတောင်းခဲ့တယ်ဆိုတဲ့ ပန်ကိတ်ဒါဒါ

ပန်ကိတ်ဒါဒါကတော့ အဆိုတော်ရွှေထူးရဲ့ချစ်သူဟောင်းအနေနဲ့ ပရိသတ်တွေသိကြသလို Beauty Blog လေးတွေ တင်ဆက်ပေးတာကြောင့်လည်း မိန်းကလေးပရိသတ်တွေလည်း ရရှိထားတဲ့ သူတစ်ယောက်ပါ ။ လက်ရှိမှာတော့ Pancake DaDa ဆိုတဲ့ ပေ့ချ် လေးကနေတဆင့် လူငယ်တွေအတွက် ခွန်အားဖြစ်စေမယ့် စာသားလေးတွေကို မျှဝေပေးနေပါသေးတယ် ။

ဒါဒါ တစ်ယောက် အတိတ်က ဖြစ်ရပ်တွေကြောင့် ခံစားခဲ့ရတာကိုတော့ ပရိသတ်တွေသိပြီးဖြစ်မှာပါ ။ ပရိသတ်တွေကလည်း သူမအတွက် စိတ်ခွန်အားတွေပေးခဲ့ကြပြီး အများကြီးဝန်းရံအားပေးခဲ့ကြတာပါ ။ လတ်တလောမှာတော့ ဒါဒါတစ်ယောက် စက်ရုပ်လို ခံစားချက်တွေမဲ့ဖို့ ဆုတောင်းဖူးတယ်။ ဆုတောင်းပြည့်နေတယ်အခု ဆိုတဲ့စာသားလေးနဲ့အတူ သူမအတွက် ခံစားချက်တွေ မရှိတော့ကြောင်းကို လူမှုကွန်မှာရေးသားလာခဲ့ပါတယ် ။

ပရိသတ်တွေက သူမလို ဖြစ်ချင်တယ်လို့ မှတ်ချက်တွေပေးခဲ့ကြပေမယ့် ဒါဒါကတော့ မကောင်းဘူး မပြည့်ချင်ကြနဲ့ လူဆိုတာ ခံစားတတ်ရတယ် ခုကိုယ်က မိဘနဲ့မောင်လေးကလွဲပြီး ဘဝမှာ ဘာမှ ဆုံးရှုံးရမှာမကြောက်တတ်တော့ဘူး အလုပ်လား ရာထူးလား
ဘာမှကို ဘဝမှာ စွန့်လွှတ်ရမှာ ဆုံးရှုံးရမှာမကြောက်တော့တာ ကြာပြီ မကောင်းဘူး။ ဘာဖြစ်လဲဆို လူက ရက်စက်လာတယ် ခက်ထန်လာတယ် မာကျောလာတယ် တစ်ကိုယ်ကောင်းဆန်လာတယ် လို့သူမက ပြန်လည်မှတ်ချက်ပေးထားတာလည်းတွေ့ရတယ် ။

Source : Yamin Oo
Emily (Cele Gabar)