အဘွားဖြစ်သူချိုပြုံးနဲ့အတူ အမိုက်စား Tik Tok လေးဆော့ပြီး မျှဝေခဲ့တဲ့ ဝင်းခန့်မိုး

ချစ်စရာကောင်းတဲ့အပြုံးပိုင်ရှင်လေး ဝင်းခန့်မိုးကတော့ အဘွားဖြစ်သူချိုပြုံးဆီက အနုပညာအမွေဆက်ခံထားသူတစ်ယောက်ပါ။ အဘွားဖြစ်သူလို အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ ကြိုးစားနေသူဖြစ်ပြီး နုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကိုလည်း ရရှိထားသူတစ်ယောက်ပါ။

သူကတော့ လတ်တလောအနုပညာလှုပ်ရှားမှုတွေအနေနဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦး ရိုက်ကူးနေတဲ့ Yangon In Love ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဆရာမဂျူးရဲ့ဝတ္ထုကို ပြန်လည်ရိုက်ကူးမယ့် “လရောင်အောက်ဘက် မိုင်အဝေးမှာ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်ရိုက်ကူးနေပါတယ်။ လူငယ်ပီပီ Tik Tok လေးတွေဆော့ကာ မကြာခဏမျှဝေပေးလေ့ရှိသူဖြစ်ပြီး ဒီနေ့မှာတော့ အဘွားဖြစ်သူချိုပြုံးနဲ့အတူ ပထမဆုံးရိုက်ကူးထားတဲ့ Tik Tok လေးကို မျှဝေခဲ့ပါတယ်။

အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတဲ့ မြေးအဘွားနှစ်ယောက် ဆော့ထားတဲ့ Tik Tok လေးကတော့တကယ်ကို ချစ်စရာပါပဲ ပရိသတ်ကြီးရေ… မေချိုတစ်ယောက် မြေးဖြစ်သူ ဝင်းခန့်မိုးကို ဘယ်လိုအမှီလိုက်ပြီးဆော့ထားရသလဲဆိုတာ သိရဖို့ Tik Tok လေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Win Khant Moe
Rainbow- Cele Gabar