ဖေ့စ်ဘွတ်ခ် သုံးစွဲမှုကိုရောဂါတစ်ခုလို စွဲနေမိတဲ့အကြောင်းပြောလာတဲ့ အက်စတာ

မြန်မာအိုင်ဒေါပြိုင်ပွဲကြီးရဲ့ Winner ဆုရှင် အက်စတာဒေါ့သ်ချင်းဆုန် ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားပြီး ပြိုင်ပွဲကြီးပြီးနောက်မှာ ဖျာ်ဖြေရေးပွဲတွေကိုလည်း ဆက်တိုက်ကိုဖျော်ဖြေနေခဲ့ရတာဖြစ်ပါတယ်။ အက်စတာဟာ လက်ရှိမှာတော့ ကိုဗစ်ကြောင့် အနုပညာအလုပ်တွေ ခေတ္တာရပ်နားကာ Stay Home နေနေရတာကြောင့် ဖေ့စ်ဘွတ်ခ် သုံးစွဲမှုကိုရောဂါတစ်ခုလို စွဲနေမိပါတယ်တဲ့။

ပရိသတ်အချစ်တော် ချင်းတိုင်းရင်းသူ အဆိုတော်မလေး အက်စတာဒေါ့သ်ချင်းဆုန်ကတော့ ဖေ့စ်ဘွတ်ခ် သုံးစွဲမှုကိုရောဂါတစ်ခုလို စွဲနေမိတဲ့အကြောင်းကို “အခုတလောFBကကိုယ့်အတွက်ရောဂါလိုခံစားရတယ် ခဏ off လိုက်ရင်ကောင်းမယ်ထင်တယ်” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အက်စတာအခုလို ဖေ့စ်ဘွတ်ကို ခဏ OFF ထားမယ့်အပေါ်မှာတော့ အဆိုတော်ယောကီးက “What happen sis lay?” လို့ မေးထားက အက်စတာကတော့ “အကိုရေ FB ထဲက video ကြည့်တာကကလွဲဘာမှလုပ်ချင်စိတ်မရှိတော့ဘူး အခုလည်းကြည့်ပါလားသုံးနေတယ်လေ ရူးတော့မယ် ပီးရင်းခေါင်းအသေကိုက်တာ” လို့ ပြန်လည်ဖြေကြားထားပါတယ်။

CeleGabar ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် ချင်းတိုင်းရင်းသူ အဆိုတော်မလေး အက်စတာဒေါ့သ်ချင်းဆုန်ကတော့ ဖ့စ်ဘွတ်ခ် သုံးစွဲမှုကိုရောဂါတစ်ခုလို စွဲနေမိပြီး ဘာမှလုပ်ချင်စိတ်မရှိတော့တာကြောင့် ဖေ့စ်ဘွတ်ခ်ကို ခဏ Off ထားပါမယ်တဲ့။

Source: Esther Dawt Chin Sung
DarDar-CeleGabar