သရုပ်ဆောင်စွမ်းရည်တွေကို ဇာတ်လမ်းတိုလေးနဲ့အတူ ချပြလိုက်တဲ့ မေမီကိုကို

MRTV 4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသဆဲဖြစ်တဲ့ ဂျီဟောသူ ရုပ်သံဇာတ်လမ်းတွဲမှာ ညိုထွေးအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးချော မေမီကိုကိုကတော့ ” ပျားရည်အိုင် ” ဇာတ်လမ်းထဲက မြိုင်ဆိုတဲ့ ဗီလိန်ကာရိုက်တာနဲ့ ပရိသတ်အားပေးမှုအများအပြားရရှိလာတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ မကြာခဏဆိုသလို ပရိသတ်တွေကို ဇာတ်လမ်းတိုလေးတွေကိုယ်တိုင်ရိုက်ပြီး တင်ဆက်လေ့ရှိပါတယ်။

မင်းသမီးချောလေး မေမီကိုကိုကတော့ လက်ရှိမှာ သရုပ်ဆောင်စွမ်းရည်တွေကို “#နှစ်ယောက်တည်းသိတဲ့အချစ် အချစ်ရေးသာယာကြပါစေ” လို့ဆိုကာ နှစ်ယောက်တည်းသိတဲ့အချစ် ဆိုတဲ့ ဇာတ်လမ်းတိုလေးရိုက်ကာ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။သူကတော့ ကျရာဇာတ်ကောင်းကို အကောင်းဆုံးသရုပ်ဆောင်ကာ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာကိုရရှိထားပြီး Star Awards (2018 ) မှာ သူဟာ Best TV Series Actress Award ဆုကိုရရှိခဲ့ပါသေးတယ်။

CeleGabar ပရိသတ်ကြီးရေ ပရိသတ်အခစ်တော် မင်းသမီးချောလေး မေမီကိုကိုရဲက ကိုယ်တိုင်ဖန်တီးရိုက်ကူးထားတဲ့ နှစ်ယောက်တည်းသိတဲ့အချစ် ဆိုတဲ့ ဇာတ်လမ်းတိုလေးကို ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်နော်။

Source: May Mi Ko Ko
DarDar-CeleGabar