YGW ဘိုးဘွားရိပ်သာမှာ လှူတန်းမှုတွေပြုလုပ်ခဲ့တဲ့ ဒီဇိုင်နာမျိုးမင်းစိုး

မြန်မာနိုင်ငံရဲ့နာမည်ကြီးဒီဇိုင်နာတွေထဲကတစ်ယောက်ဖြစ်တဲ့ ဒီဇိုင်နာမျိုးမင်းစိုးကိုတော့ ပရိသတ်တွေသိကြမှာပါ။ ဒီဇိုင်နာမျိုးမင်းစိုးကတော့ မြန်မာနိုင်ငံရဲနာမည်ကြီးဒီဇိုင်နာတစ်ယောက်ဖြစ်သလို အလှူအတန်းရက်ရောသူတစ်ယောက်လို့လည်းဆိုရမှာပါ။အခုလည်း ဘိုးဘွားရိပ်သမှာလှူတန်းမှုတစ်ခုပြုလုပ်ခဲ့ပြီး အဲ့ဒီအကြောင်းကို ပြန်လည်မျှဝေခဲ့ပါတယ်။


သူ့ရဲ့ဖေ့ဘွတ်ခ်မှာတော့ “ဒီနေ့YGWဘိုးဘွားရိပ်သာမှာနဝကမ္မအလှူငွေတစ်သိန်းလှူဒါန်းခဲ့ပြီး
ချစ်ရတဲ့အမေကြည်ခင်အတွက်အကျီရင်ဖုံးလေးချုပ်ပီးတော့ရယ်ပုဝါလေးရယ်လှူချင်တာလှူဖို့အလှူငွေ၅သောင်းကန်တော့ခဲ့ပါတယ်။ အမေကြည်ခင်ကကျန်တော်ချုပ်တအကျီလေးနဲ့ပုဝါလေးရလို့ပျော်နေလေရဲ့ ဥပုသ်စောင့်တဲ့နေ့ဝတ်မှာတဲ့ကုသိုလ်ရအောင်လို့တဲ့ ချစ်လိုက်တာ အမေကြည်ခင်ရယ် ကိုယ်လည်းနောင်တချိန်နေဝင်ချိန်ရောက်ခဲ့ရင်…” ဆိုပြီးတော့ အလှူအကြောင်းကို ပုံလေးတွေနဲ့တကွ မျှဝေထားတာပါ။


လူတစ်ယောက်ရဲ့နောက်ဆုံးနေဝင်ချိန်မှာ အခုလိုဂရုစိုက်ပေးတဲ့ ဘိုးဘွားရိပ်သာတွေရှိတာကြောင့် ကျေးဇူးတင်စရာကောင်းသလို ဒီဇိုင်နာမျိုးမင်းစိုးတို့လိုအလှူအတန်းပြုတဲ့သူတွေရဲ့ကဏ္ဍကိုလည်း မေ့ထားလို့မရပါဘူး။ ဒီဇိုင်နာမျိုးမင်းစိုးကတော့ လိုအပ်တဲ့နေရာမှာလှူတန်းဖို့လက်မနှေးတဲ့သူပါပဲနော်…

Source : MyoMinSoe