တေးသံရှင်မျိုးကြီးအတွက် ရေးထားတဲ့သီချင်းကရရှိသမျှအကျိုးမြတ်တွေကိုလှူဒါန်းသွားမယ့် လင်းလင်း

ပရိသတ်အချစ်တော် ခေတ်နဲ့သစ်တို့ရဲ့ ဖေဖေ ဖြစ်တဲ့ တေးသံရှင်လင်းလင်းကတော့ တေးရေး တေးဆိုအဖြစ် ပရိသတ်တွေအားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ သူရေးသားသီဆိုခဲ့တဲ့ သီချင်းတော်တော်များများကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့ပါတယ် ။

လတ်တလောမှာတော့ တေးသံရှင်လင်းလင်းက မျိုးကြီးအတွက် ရေးဖြစ်တဲ့ သီချင်းတစ်ပုဒ်မကြာခင် တေးသံသာကနေ နားထောင်လို့ရမယ့်အကြောင်း ပရိသတ်တွေကိုအသိပေးလာခဲ့ပါတယ် ။ မျိုးကြီးနဲ့ လင်းလင်းတို့နှစ်ယောက်ဟာ ဒီသီချင်းကနေ ရရှိမယ့်အကျိုးအမြတ်အားလုံးကို “ခေတ်သစ် ဖောင်ဒေးရှင်း” ထံသို့ လှူဒါန်းသွားမှာဖြစ်ပြီး တေးသံသာမှ ကိုညီကလဲ ထပ်တိုးလှူပါဝင်ခဲ့တဲ့အတွက် အားလုံးရဲ့ ငွေသားစုစုပေါင်း ၃၂၅၀၀၀၀ ( သုံးဆယ့်နှစ်သိန်းငါးသောင်း) တိတိကိုလည်း အလှူငွေအဖြစ်လက်ခံရရှိခဲ့ပါတယ် ။

ဒီသီချင်းမှ ထပ်မံရရှိလာမယ့် အကျိုးအမြတ်အားလုံးကိုလဲ ကျွန်တော်နဲ့ ကိုမျိုးကြီးမှ ဖောင်းဒေးရှင်းသို့ တစ်သက်စာလှူပါတယ်။မကြာခင်နားဆင်ရမယ့် ဒီသီချင်းနဲ့ပတ်သတ်ပြီးပရိသတ်ရောင်းရင်းများလဲ ကုသိုလ်ယူနိုင်ကြပါစေ ဆိုတဲ့စာသားလေးနဲ့အတူ သူတို့ရဲ့ ကိုသိုလ်အလှူလေးကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် လင်းလင်းက ပြန်လည်မျှဝေပေးခဲ့တာဖြစ်ပါတယ် ။

Source : Htwe Lynn Ko
Emily (Cele Gabar)