မိုးရေထဲ ငုတ်တုတ်ထိုင်နေတဲ အဘိုးတစ်ယောက်ကို တတ်နိုင်သလောက်လေး လှူဒါန်းကုသိုလ်ပြုခဲ့တဲ့ သံစဉ်မောင်

Cele Gabar ပရိသတ်ကြီးရေ .. အမိုက်စားဘော်ဒီကောက်ကြောင်းတွေနဲ့ လှပတဲ့ မော်ဒယ်မင်းသမီးချောလေး သံစဉ်မောင်ကတော့ အစ်မ ဖြစ်သူဘေဘီမောင် နဲ့အတူ အနုပညာအလုပ်တွေကို လုပ်ဆောင်နေတဲ့ သူတစ်ယောက်ပါ ။ သံစဉ်မောင်ကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလေ့ရှိပါတယ် ။

လတ်တလောမှာတော့ သံစဉ်မောင်တစ်ယောက် သူမရဲ့ တစ်နေ့တာမှာကြုံဆုံခဲ့ရတဲ့အဖြစ်ပျက်လေးတစ်ခုနဲ့အတူ သူမရဲ့ အလှူလေးကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ မီးပွိုင့်မိတုန်း ဘဘကြီး မိုးရေထဲ ငုတ်တုပ်ထိုင်နေတာ သနားပါတယ် ဒီလိုအသက်ကြီးတဲ့သူ ကိုယ်အင်္ဂါချို့တဲ့သူဆို တွေ့ရင်တွေ့တဲ့နေရာမှာ အမြဲတမ်းအလှူလုပ်တယ် ဆိုတဲ့စာသားလေးနဲ့အတူ မိုးရေထဲမှာထိုင်နေတဲ့ အဘိုးတစ်ယောက်အတွက် သူမတတ်နိုင်သလောက်လေး လှူဒါန်းဖြစ်ခဲ့တဲ့ ဗီဒီယိုလေး ကို ဖေ့ဘုတ်စ်စာမျက်နှာထက်မှာ တင်ခဲ့တာပဲဖြစ်ပါတယ် ။

ပရိသတ်တွေကတော့ သူမရဲ့ ကုသိုလ်အတွက် ဂုဏ်ယူဝမ်းမြောက်စွာ သာဓုခေါ်ဆိုခဲ့ကြပြီး ဒီထက်မက လှူနိုင်တန်းနိုင်ပါစေ ဆိုတဲ့ ဆုမွန်ကောင်းလေးတွေလည်း ပေးထားကြပါတယ် ။ ပရိသတ်ကြီးလည်း သံစဉ်ရဲ့ အလှူလေးကို သာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Than Sin Maung
Emily (Cele Gabar)