ရေကြိုက်တတ်လွန်းတဲ့သားလေးအကြောင်းကို မျှဝေခဲ့တဲ့ မိုးယုစံ

အောင်မြင်တဲ့မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ မိုးယုစံကတော့ အခုဆိုရင် အိမ်ရှင်မကောင်းတစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေနဲ့ အလှမ်းကွာဝေးနေခဲ့ပါပြီ။ မိသားစုကိုပဲ အချိန်ပေးရင်းအေးချမ်းတဲ့ဘဝကိုဖြတ်သန်းနေပေမယ့်လည်း အားပေးတဲ့ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ရက်စာမျက်နှာကနေ တနေ့တာအကြောင်းအရာလေးတွေ မျှဝေပေးလေ့ရှိသူပါ။

သားလေး Austin ရဲ့တနေ့တာကိုလည်း ပရိသတ်တွေကိုအမြဲမျှဝေလေ့ရှိသူမို့ အခုဆိုရင် Austin လေးကလည်း မေမေ့ပရိသတ်တွေရဲ့ ချစ်ခြင်းကိုအပြည့်အဝရရှိထားတဲ့ ကလေးလေးလို့ ဆိုရမှာပါ။ မိုးယုစံကတော့ ဒီတစ်ခေါက်မှာလည်း ရေကြိုက်တတ်လွန်းတဲ့သားလေးအကြောင်းကို မျှဝေခဲ့ပါတယ်။ “သားသားလေးနဲ့အပြင်မသွားရတာကြာပြီ သူလေးပျော်အောင် ထားရတာ ရေဆော့ရရင်အရမ်းပျော်တဲ့သားတုန်းလေး ရေတောင်လူကြီးကန်မှကူးချင်သူလေး” ဆိုတဲ့ စာသားတချို့နဲ့အတူ ပျော်ရွှင်စွာ ရေဆော့ကစားနေတဲ့ Austin လေးရဲ့ပုံရိပ်တွေကို မျှဝေခဲ့ပါတယ်။

မေမေမိုးယုစံရဲ့ သွေးအပြည့်အဝပါသူ သားလေး Austin ကတော့ မေမေ့လို့ပဲ အရမ်းချစ်ဖို့ကောင်းတဲ့သားလေးပါပဲနော်။ ရေကြိုက်တဲ့သားလေးရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးရင်း မိသားစုတွေပျော်ရွှင်စွာ ရေဆော့ကစားနေတဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကိုကြည်နူးဖို့ကောင်းလွန်းတာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source – Moe Yu San
Rainbow- Cele Gabar